ပုလဲ >> ကိုယ့်ကိုယ်ကိုမုန်းခြင်း ၁၀ချက်

Sunday, November 30, 2008

ကိုယ့်ကိုယ်ကိုတော့မုန်းတဲ့အထိတော့မရှိပါဘူးလေ ဒါပေမယ့် မနှစ်သက်တာတွေတော့ရှိတာပေါ့
စပြီးတော့ ကူးချပါတော့မယ်ရှင် ဆရာမမသိခင်လေး .. အဲဟုတ်ပါဝူး ဘာတွေပြောမိပါလိမ့်
ရေးပြီနော်...
၁။ခပ်အအမိန်းကလေးတစ်ယောက်ဖြစ်နေတာမို့ ကိုယ့်ကိုယ်ကိုမုန်းပါတယ်...
တစ်ခါတစ်လေ ရူးကြောင်မူးကြောင်နိုင်လွန်းတယ်၊ ကိုယ့်အကြောင်းမကောင်းပြောရင်တောင် အကောင်းပြောတယ်ပဲ တွက်တတ်တယ်၊ တမင်သက်သက်ကိုယ့်ကိုနစ်နာအောင်လုပ်လာရင်လဲ မျက်လုံးလေးကလယ်ကလယ်နဲ့ပဲနေဖြစ်တယ် ပြန်စဉ်းစားမှ / သူများပြောမှ ကိုယ်ခံလိုက်ရမှန်းသိတယ် တော်တော်အတယ်နော် ...
၂။စိတ်မတည်ငြိမ်တာကိုလည်းမုန်းပြန်တယ်...
သူများစကားတစ်ခွန်းကြောင့် ကိုယ်တွေးထားသမျှကို ဖြတ်ပြစ်လိုက်တဲ့ အဆင့်အထိပါပဲ၊ ကိုယ့်စိတ်ကိုကိုယ်မနိုင်ဘူး၊ နားပါးတယ် ပါးတယ်ဆိုတာ ကြားသမျှယုံလွယ်တာကိုပြောတာပါ၊ ကိုယ့်ခံယူချက်နဲ့ကိုယ်မရှိဘူးလေ အဲဒါကိုမုန်းတယ်...
၃။မျက်ရည်လွယ်တာကိုလည်း မုန်းတယ်...
ပုလဲကအငိုလွယ်တယ် အသဲနုတယ်လည်းပြောလို့ရပါတယ် ၀မ်းသာစရာ ၀မ်းနည်းစရာ ကိုယ့်ကိုချစ်ရင်တောင်ငိုတယ်၊ အထူးသဖြင့် အဖေနဲ့အမေက ပုလဲရဲ့ကောင်းကြောင်းပြောရင် မျက်ဝန်းအိမ်မှာ မျက်ရည်စတွေနဲ့ပြည့်လို့ အမှတ်ရဆုံးမျက်ရည်က ၁၇နှစ်ပြည့်တော့ မိဘနှစ်ပါးကို မျက်နှာသုတ်ပ၀ါလေးနဲ့ ကန်တော့ခဲ့ပါတယ် အဖေနဲ့အမေက ဘာမှမဖြစ်ခဲ့ပေမယ့် ပုလဲကတော့ ကန်တော့ရင်းနဲ့ မျက်ရည်ကျခဲ့တယ် တစ်ခါတစ်လေ တွေးရင်းလည်းငိုတယ် အသဲနုလို့ကိုယ့်ကိုယ်ကို မုန်းရပြန်ပါတယ်ရှင်...
၎။လောဘသားကောင်မို့ ကိုယ့်ကိုယ်ကို မုန်းပါတယ်...
သူတစ်ပါးအတွက် စေတနာရှိပေမယ့် စေတနာမမှန်ခဲ့ပါဘူး၊ ပေးကမ်းလိုစိတ်ထက် လိုချင်စိတ်ကပိုသာနေတယ် လူတစ်ယောက်ကို ကိုယ်ကြိုက်တဲ့ပစ္စည်းတစ်ခုကို မပေးချင်ဘူး ဒါပေမယ့် ပေးလိုက်တယ် နောင်တဆိုတာထက် စိတ်ထဲမှာ ခုသွားတယ်၊ သဒ္ဓါတရား မထက်သန်သေးတဲ့ ကိုယ့်ကိုယ်ကိုတော့ အမုန်းဆုံးပဲ...
၅။ဖြုန်းတီးတတ်တဲ့အကျင့်ကိုလည်း မုန်းတယ်...
အချိန်၊ အရာဝတ္ထု စတာတွေရဲ့ တန်ဖိုးကို မသိသေးဘူး၊ ခုချိန်ထိလဲ ဖြုန်းတီးနေမိဆဲပဲ အဲဒီအကျင့်ကလည်းဆိုးတယ်နော် ( အယ် ... စိတ်ညစ်သွားကြပြီလား )
၆။ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်သေးလို့လည်း မုန်းတယ်...
ပုလဲက အိမ်တွင်းပုန်းပါ အမြဲမဟုတ်ရင်တောင် တော်တော်များများအချိန်တွေက အိမ်ထဲမှာပဲရှိနေတတ်တယ် အ၀တ်အစားမှအစ ကိုယ်စီးတဲ့ ဖိနပ်တောင် အမေ၀ယ်ပေးနေရသေးတယ်၊ အမေမပါဘဲ မိတ်ဆွေ ချစ်မတွေနဲ့အပြင်သွားခဲ့ရင်တောင် ချစ်မတွေကလိုချင်တာဝယ်ပြီး အိတ်ကလေးတွေကိုယ်စီနဲ့ ပုလဲတစ်ယောက်ပဲ မပြောင်းလဲတာ ဘာမှမ၀ယ် ဘာမှမရွေး ဘာမှမသိလို့ သွားရင်းလာရင်းလဲ ပတ်ဝန်းကျင်ကို ဂရုတစိုက်ရှိမနေတတ်ဘူး၊ ဘာမှမ၀ယ်တော့ အကုန်အကျသက်သာတာပေါ့နော် ဒါပေမယ့် မ၀ယ်တာ မရွေးတတ်လို့၊ ပြီးတော့ ကိုယ့်စိတ်တိုင်းကျကို တစ်ခါတစ်လေများဝယ်မိခဲ့ရင် အဲဒီပစ္စည်းက ကြာရှည်မခံဘူး မကောင်းလို့လေ ပုလဲတို့ကအဲသလိုညံ့တာပါရှင် မုန်းဖို့ကောင်းတယ်နော်...
၇။ကြံ့ကြံ့ခိုင်ခိုင်မရှိတဲ့ စိတ်ဓါတ်ကိုလည်း မုန်းပါတယ်...
ပုလဲက ၀တုတ်ကလေးပါ အဆီချခြင်းပဲ ဆိုဆို weight ချမယ်ပဲ စဉ်းစားစဉ်းစား မအောင်မြင်ပါဘူး စားချင်တဲ့စိတ်ကိုမှ မထိန်းနိုင်တာ၊ ပြီးတော့ အားကစားလဲ အလုပ်ဘူး လူကိုကလည်း မလှချင်လို့နေမှာပါလေ ဟုတ်စ် အဲသလို ပန်းတိုင်ရောက်အောင်ဆက်ပြီးတော့ကိုလျှောက်မယ်ဆိုတဲ့ ကြံ့ခိုင်တဲ့စိတ် မရှိတာကိုလည်း မုန်းပါတယ်ချင်...
၈။အပျင်းထူတဲ့ အကျင့်ကိုလည်း မုန်း၏...
ဒါကြောင့်ပြောပါတယ် ပေါ်ကုန်ပါပြီလို့ :( အပျင်းထူတာကိုတော့ ထူးထူးထွေထွေ ပြောတော့ဘူးနော် ပျင်းတယ် အမေကတော့ ဆူလို့မဆုံးပေါ့ ဒါပေမယ့် အမေ့ထက်ဝတော့ အမေလဲ အနိုင်ဝူးရှင့် :P
၉။ကြောက်စိတ်ရှိတာကိုလည်း မုန်းပါတယ်ရှင်...
ပုလဲကအရမ်းကြောက်တတ်တယ် ပိုးဟတ်လဲကြောက်တယ် မြင်တာနဲ့ ကြက်သီးဖြန်းဖြန်းထတာ သရဲလဲကြောက်တယ် အဖေကတော့ပြောပါတယ် အဲဒါအရင်ဘ၀ကလူသတ်ခဲ့လို့တဲ့ ပုလဲကတော့မသိ ကြောက်တာပဲသိတယ်...
၁၀။လိမ္မာသူတစ်ယောက် မဖြစ်သေးတာကို မုန်းတယ်...
ပုလဲကမလိမ္မာဘူး သမီးလိမ္မာ မြေးလိမ္မာတစ်ယောက်မဟုတ်ဘူး၊ ညီမကောင်းတစ်ယောက်လဲမဟုတ်ဘူး ( အကိုအပေါ်မှာ အနိုင်ယူတတ်လို့ပါ ဒါပေမယ့် ချစ်တော့ချစ်တယ် ) ပြုပြင်ချင်ပေမယ့် အတိုင်းတာတစ်ခုအထိတော့ ဆိုးနေဆဲ ကလေးတစ်ယောက်ပေါ့...
ဟူးးး ပျော်တယ် ပြီးတွားလို့ မကောင်းသမျှလည်း အကုန်ပေါ်တွားပြီ အဟိ.. နိုတာနော် ကိုအရုပ်ကလေး ညီမလေးရေးလိုက်ပြီ ကျေနပ်ပါစေနော် ပို့စ်ကရှည်သွားပြီလားမသိ ရေးကောင်းကောင်းနဲ့ရေးနေတာ မျက်စိအညောင်းခံပြီး ဖတ်ပေးလို့ ကျေးဇူးကမ္ဘာပါရှင် ( ကိုအရုပ်ကလေးသင်ပေးတာ :D )ခုချိန်ထိတော့ ကိုယ့်ကိုယ်ကို ဒီလောက်ပဲမနှစ်သက်သေးတယ် အသက်အိုလာသမျှ တိုးလာမှာပါ ခုလောလောလတ်လတ်တော့ ဒီလောက်ပါပဲရေးသားခဲ့သမျှ အမှားပါခဲ့လျှင် ခွင့်လွှတ်ပါရှင်
ပြီးပါပြီရှင်
ကျေးဇူးတင်လိုက်ပါတယ်ရှင်...။
( ပုလဲ )

0 comments: