ဖော်ကောင်းကြင်သူ >> Ten Things I Hate About Myself

Sunday, November 30, 2008

ကိုIDULIZE က ကိုယ့်ကိုယ်ကို အမုန်းဆုံး ၁၀ချက် ဆိုပြီး tag လာလို့ မနည်းစဉ်းစားရတယ်…. အမုန်းဆုံးအချက်ကို.. ကိုယ့်ဟာကိုယ်တော့ မမုန်းမိတော့ အပြစ်တော့ မနည်းရှာရသား…

ခုလောလောဆယ် မုန်းစရာကောင်းနေတဲ့ အချက် ၁၀ ချက်ကိုပြောပြရမှာပဲ….
ကဲ စပြီနော်…..

ပထမအချက် - စိတ်ဆတ်ခြင်း
ဥပမာ- နည်းနည်းရန်စသည်ဟု ထင်လျှင် ချက်ခြင်းဒေါသထွက်တတ်သူ

ဒုတိယအချက် - အားမနာတတ်ခြင်း
ဥပမာ - စာမေးပွဲဖြေမည့်သူအား အတင်းခေါ်ပြီး လေပန်းတတ်သူ

တတိယအချက် - ငြီးငြူတတ်ခြင်း
ဥပမာ - အလုပ် မပြီးမချင်း ဘေးလူများ နားငြီးအောင် ငြီးငြူနေတတ်သူ

စတုတ္ထ အချက် - ကြိုတင်ပြင်ဆင်မှုမရှိခြင်း
ဥပမာ - စာမေးပွဲနီးမှ အသည်းအသန် စာဖတ်တတ်သူ

ပဉ္စမအချက် - အလုပ်များကို နေ့ရွှေ့ ညရွှေ့ လုပ်တတ်ခြင်း
ဥပမာ - အလုပ်များရဲ့ deadline ရောက်ခါနီးမှ မအိပ်မနေလုပ်တတ်သူ

ဆဌမအချက် - မဖြစ်သေးသည်များကို ကြိုတင်ပူပန် သောကရောက်တတ်ခြင်း
ဥပမာ - ကမ္ဘာကြီးမပျက်ခင် မဟုတ်တာများ မလုပ်လိုက်ရမည်ကို ကြိုတင် ပူပန်တတ်သူ

သတ္တမအချက် - သံသယများခြင်း သံသယဖြစ်ခံရသူကို အပြင်းအထန်ရစ်ခြင်း
ဥပမာ - ကိုယ့်အား မကြိုက်သူများကို ကိုယ့် အား ကြိုက်နေသည်ဟု ထင်ပါက အတင်း လိုက်မေးတတ်သူ

အဌမအချက် - ပျာယာခတ် နမော်နမဲ့နိုင်ခြင်း
ဥပမာ - စာသင်ထားသည်များကို မှတ်ထားတတ်သော်လည်း မည်သည့်စာရွက်ပေါ်တွင် ရေးမိသည်ကို မသိလောက်အောင် နမော်နမဲ့ နိုင်တတ်သူ

န၀မအချက် - အကောင်းမြင်ဝါဒ အနည်းငယ်သာရှိခြင်း
ဥပမာ - ပစ္စည်းတစ်ခုကို ၁၀၀% မှာ ၀.၉၉% သာ သုံးလို့ရသည်ဟု ပြောတတ်သူ

ဒသမအချက် - အလိုက်မသိခြင်း
ဥပမာ - အချိန်မရွေး အခါမရွေး နေရာမရွေး အလိုက်မသိ ဖုန်းခေါ်တတ်ခြင်း

ရေးထားတာတွေ ပြန်ဖတ်လိုက်တာ ကိုယ့်ဟာကိုယ်တောင် အကြည်ညိုပျက်သွားတယ် …….. ဟိဟိ

ကိုIDULIZE ကိုလည်း ကျေးဇူးတင်ပါတယ်ရှင်…

ပျော်ရွှင်ချမ်းမြေ့ပါစေ…

Acacia (ဖော်ကောင်းကြင်သူ)

0 comments: