ဝေလေး >> အကြိုက်ဆုံးပစ္စည်းလေး

Sunday, November 30, 2008

မမဝါက ကြွားရအောင်တဲ့။ တဂ်ထားတော့ ဘယ်လိုလုပ်ရပါ့မလဲလို့ ခေါင်းခြောက်အောင်စဉ်းစားလိုက်ရတယ်။ ဖိနပ်လေးတွေလည်းကြိုက်တယ်။ အရုပ်လေးတွေလည်းချစ်တယ်။ အကျီင်္လှလှလေးတွေလည်း သဘောကျတယ်။ ခက်တာက မမဝါရေးသလို ပုံတွေတင်ပြီးရေးဖို့တော့ လှတပတလေးတွေရှိဘူး။ အဲဒီတော့ ခက်ပြီပေါ့။ ဓာတ်ပုံလေးတွေပါထည့်ပေးရမယ်ဆိုတော့.. အင်းး.. ဘီလိုလုပ်ရပါ့မလဲ။ မမဝါရေ… အားလုံးကိုသဘောကျတယ်။ ဒါပေမယ့် အားလုံးထဲမှာ အကြိုက်ဆုံးကတော့ စာအုပ်လေးတွေပဲ။ စာအုပ်ဆို ဘယ်နေရာရောက်ရောက် ဖတ်ချင်နေတတ်တာ။ စာအုပ်တစ်အုပ်ရှိရင် ပြီးပြီ။ ရန်ကုန်မှာတုန်းကလည်း မုန့်ဖိုးစုပြီးတော့ စာအုပ်ပဲဝယ်ဖြစ်တယ်။ ဝေလေးဆီမှာရှိတဲ့ စာအုပ်လေးတွေပဲ ကြွားခွင့်ပြုပါနော်။ စာအုပ်တွေက ရန်ကုန်မှာကျန်ခဲ့တာဆိုတော့ ဓာတ်ပုံရိုက်ပေးလို့လည်းမရဘူး။ အဲဒီတော့ ဓာတ်ပုံတော့ မတင်ပေးနိုင်ဘူးမမဝါရယ်။ တောင်းပန်ပါတယ်နော်။ :)

ဒါတွေကတော့ ဝေလေးမှာရှိတဲ့စာအုပ်လေးတွေ

မိုးမိုး(အင်းလျား)
၁. မှတပါးအခြားမရှိပြီ
၂. မဂ္ဂဇင်းဝတ္ထုရှည်များ ၁
၃. သမုဒ္ဒရာခုနှစ်စင်း မြစ်မင်းတစ်ဆယ့်သုံးသွယ်
၎. မဂ္ဂဇင်းဝတ္ထုရှည်များ ၂
၅ ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေ
၆. ၁၉၈၀ပြည့် အမျိုးသားစာပေ(ဝတ္ထုတို)ဆုရ မဂ္ဂဇင်းဝတ္ထုရှည်များ
၇. ဆဌမအကြိမ် မိုးမိုး(အင်းလျား) အမှတ်တရ ဝတ္ထုတိုပြိုင်ပွဲ(၁၉၉၉)ဆုရ ဝတ္ထုတိုများ
၈. ပျောက်သောလမ်းမှာ စမ်းတဝါး
၉. မေတ္တာ ကမ်းနား အချစ်သစ်ပင်
၁၀. ဂျိုး
၁၁. မှတဆင့်
၁၂. ဝတ္ထုတိုများ ၎
၁၃. မြူမှောင်ဝေကင်း
၁၄. ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား
၁၅. မြန်မာပြည်မှာနေကြသည်
၁၆. ဝတ္ထုတိုများ ၃

မစန္ဒာ

၁. အရိပ်
၂. နက်ဖြန်ခါ
၃. ကွက်လပ်ကလေးဖြည့်ပေးပါ
၎. ပန်းစကား
၅. ငယ်သူမို့မသိပါ
၆. ဂျီဟောသူ
၇. ငြိုးမာန်ဖွဲ့သူရယ်
၈. ပုစ္ဆာ
၉. ဆဌဂံ
၁၀. ဘဝအိမ်မက်ပန်းအိမ်မက်
၁၁. ဝတ္ထုတိုများ ၁
၁၂. ဝတ္ထုတိုများ ၃
၁၃. ဝတ္ထုတိုများ ၎
၁၄. ဝတ္ထုတိုများ ၅
၁၅. ဝတ္ထုတိုများ ၆
၁၇. မဂ္ဂဇင်း ဝတ္ထုရှည်များ ၎
၁၈. ဝတ္ထုရှည်များ ၁
၁၉. ဝတ္ထုရှည်များ ၂
၂၀. ဝတ္ထုရှည်များ ၃
၂၁. ဝတ္ထုရှည်များ ၎

ဂျာနယ်ကျော်မမလေး

၁. ရင်မှတရှိုက်
၂. နတ်ရေးငယ်ရွှေစာ
၃. ရင်နင့်အောင်မွှေး
၎. သူလိုမိန်းမ
၅. လောကီရတနာ
၆. မေတ္တာ
၇. စိတ်
၈. တွေးတစိမ့်စိမ့်
၉. ဘဝပုံရိပ်များ

ကိုတာ

၁. ရယ်ရွှင်ဖွယ်နှင့် အခြားစာတမ်းများ
၂. ကျွန်တော်သည်မျောက်ကဆင်းသက်၏
၃. ဖြန့်ထွက်တွေးခြင်းနှင့် အခြားစာတမ်းများ
၎. တွေးသူများ
၅. ကိုရင်တာ၏ရောက်တတ်ရာရာများ
၆. ကစားတဲ့ပါမောက္ခ
၇. ဥာဏ်များခြင်း
၉. ပြတင်းပေါက်မှကြည့်သူ၏စိတ်ကူးများ

အောင်သင်း

၁. အောင်သင်း၏အကြိုက်ဆုံး ဝတ္ထုတိုများနှင့်သုံးသပ်ချက်များ (ပထမတွဲ၊ ဒုတိယတွဲ)

တက္ကသိုလ်ဘုန်းနိုင်

၁. တန်ခူးလေနှင့်လျောတော့သည်
၂. မျက်ရည်လောကများ၏ဟိုမှာဘက်
၃. သူငယ်ချင်းလို့ပဲဆက်ခေါ်မည်ခိုင်
၎. တိမ်ညိုအလွင့်လအမြင့်
၅. တပြည်သူမရွှေထား

ချစ်ဦးညို

၁. ဝိဇိတာဝီ
၂. အို.. ကိုဖိုးမြင့်နှင့်မစ္စတာစမစ် မင်္ဂလာပါရှင်(ချစ်ဦးညို၊ မင်းလူ ၊ နုနုရည်(အင်းဝ))

မောင်သိန်းလွင်

၁. ရှိတ်စပီးယားပုံပြင်များ
၂. ဆော်လမွန်ဘုရင်၏ရတနာသိုက်
၃. ဂါလီဗာ၏အခြားခရီးစဉ်များ
၎. ကမ္ဘာပတ်လည်ရက်ရှစ်ဆယ်

ဒဂုန်တာရာ

၁. မြိုင်

မြသန်းတင့်

၁. လေလွင့်သူ
၂. လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများ
၃. ရွှေပြည်တော်မျှော်တိုင်းဝေး(ပ၊ ဒု)
၎. ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်
၅. သုခမြို့တော်

ရွှေဥဒေါင်း

၁. စုံထောက်ဝတ္ထုတိုများ
၂. ဆင်စွယ်မင်းသမီး
၃. သွေးစုပ်မြေ

ဒဂုန်ရွှေမျှား

၁. ဂါလီးဗားခရီးစဉ်
၂. တာရာရှင်မ
၃. ဝိဥာဉ်အရိပ်နှင့်လျို့ဝှက်ဆန်းကြယ်ဝတ္ထုတိုများ

ဂျူး

၁. မရှိမဖြစ်မိုး
၂. ကြည်းတော၌မိုးခေါ်ခြင်း (ဂျူး၊ နေဝင်းမြင့်)

ခင်နှင်းယု

၁. မြကြာဖြူ
၂. ယဉ်မင်းပိုက်
၃. ကျွန်တော်တင်အောင်ထွန်း
၎. မိချို
၅. ကျွန်မကမချောပါဘူးနှင့်တခြားမဂ္ဂဇင်းဝတ္ထုရှည်များ

မြနှောင်းညို

၁. ပန်းကြွေပွင့်ပုံပြင်
၂. အိမ်နီးချင်းကလေးနှင့်တခြားဝတ္ထုများ
၃. အသည်းပန်းမှာဆူးတွေနဲ့ရယ်

စမ်းစမ်းနွဲ့(သာယာဝတီ)

၁. ခေါက်ထီးကလေးမလုံ့တလုံ
၂. ကိုကိုကံရာဇာ
၃. တစ်ကောင်တည်းပဲ ဒါပေမယ့်ခြင်္သေ့

ကြည်အေး

၁. ဝတ္ထုတိုများပေါင်းချုပ်
၂. ဝတ္ထုတိုများ (၄)

သူရထက်

၁. ရှားလော့ဟုမ်းနှင့်လူတစ်ယောက်ထူးဆန်းစွာပျောက်ဆုံးမှု
၂. ရှားလော့ဟုမ်းနှင့်ပြိုင်မြင်းငွေကြာ

စလုံးမလာခင် စာအုပ်စာရင်းပြုစုလာခဲ့တာ အတော်ပဲဖြစ်သွားပြီ။ ဟိဟိ ။ အဖေဝယ်ထားတဲ့ တရားစာအုပ်တွေမပါသေးဘူး။ ဒါတွေက ဝေလေးအတွက်ဆိုပြီးဝယ်ပေးထားတဲ့ စာအုပ်စာရင်း။ စာအုပ်တွေကကျန်နေဦးမလားတောင်မသိဘူး။ သူများဌားထားလို့ စာရင်းထဲမပါလာတာတွေလည်းရှိအုံးမလားပဲ။ အခုတော့ ဦးလေးအိမ်မှာထားခဲ့ရတယ်။ :) မမဝါရေ ကျေနပ်ပါနော်..

P.S >> စာရေးဆရာ ဆရာမကြီးများရဲ့ နာမည်တွေကို ဦး ဒေါ် မတပ်ပဲသုံးထားတဲ့အတွက်ခွင့်လွှတ်ပါ။ ရိုင်းစိုင်းလိုတဲ့စိတ်မရှိကြောင်း ဝန်ခံပါရစေ

1 comments:

Unknown said...

သို့
........
စာအုပ်လေးတွေကို ဖတ်ကြည့်လို့ရမလား။ စိတ်ဝင်စားလို့ပါ ဝေငှပေးပါဦးနော်။
ကျေးဇူတင်ပါတယ်