Dream>>Ten Things I Hate About Myself

Sunday, November 30, 2008

ဇာတ်လမ်း(၁)
"ခွမ်း..."
"ဟဲ့.. သမီးလေးအိပ်မက် ! ဘာဖြစ်တာလဲ"
"စိတ်တိုလို့တီတီဒွင်း၊ဒါကြောင့်ခွဲပစ်လိုက်တာ"
"အော်....သမီးလေးမက်မက်ရယ်၊ ဒီလိုသာ စိတ်တိုလို့ ခွဲရရင် ရှိသမျှ ပစ္စည်းကုန်ပြီပေါ၊့ နောက်မလုပ်နဲ့နော် သမီး၊ ကြားလား"
"ဟုတ်ကဲ့ တီတီဒွင်း"
၁။စိတ်တိုရင် တွေ့သမျှမြင်သမျှ ပစ္စည်း ကောက်လွင့် ပစ်တဲ့အကျင့် :# :@ :z

ဇာတ်လမ်း(၂)
"ခွပ်..."
"ဟဲ့..သမီးလေးအိပ်မက်....အမလေးလေး.. ကိုယ်ကျိုးနဲပါပြီ။ ဘာလို့ သူများမျက်နှာကို သွားထိုး လိုက်ရတာတုန်း"
"စကားပြော ရင့်ပြီး မောက်မာလို့ ။ အမြင်ကတ်လို့ ထိုးလိုက်တာ တီတီဒွင်းရ"
"အော်.. သမီးလေး မက်မက်ရယ်။ အဲဒါဆို ပါးစပ်ကနေ နားလည်လာအောင် ပြောပေါ့။ နောက်ကို ရန်မဖြစ်ရဘူး ကြားလား။တီတီဒွင်း မကြိုက်ဘူးနော်သမီး"
"ဟုတ်ကဲ့ တီတီဒွင်း"
၂။ထစ်ကနဲဆိုရင် စိတ်ဆတ်ပြီး ပါးစပ်က စကားသိပ် မပြောတော့ဘဲ လက်က တွယ်တတ်တဲ့အကျင့်။ :z

ဇာတ်လမ်း(၃)
"တီတီဒွင်းရေ.. တီတီဒွင်း... မက်မက် နာရီလေးကို ရှာလို့မတွေ့ဘူး။ အဲဒါတီတီဒွင်းတွေ့မိလားဟင်"
"အေး..တွေ့တယ် သမီးရဲ့။ မနေ့ကလေ ကလေးတစ်ယောက် အချိန် နောက်ကျလို့ ကျောင်းမတတ် လိုက်ရဘူး သမီးရယ်။ သူ့အိမ်မှာလည်း နာရီမရှိ ဘူးတဲ့လေ။ အဲဒါ သူ့ကိုသနားလို့ တီဒွင်းလေ သမီးနာရီလေး ပေးလိုက်တာပါ။ အသစ်သွားဝယ် ပေးဖို့ကလည်း အချိန်မရလို့ပါ သမီးရယ်။ ငါ့သမီးလေး မက်မက် အတွက် ဒီနေ့မှ အသစ်ပြန် ၀ယ်လာခဲ့တယ်။ ပတ်ကြည့်ပါဦး သမီးလေးရဲ့။ လှလိုက်တာ။

"ဘာ......အမ်းးး~~..အီးဟီးဟီး~~~ရဖူး..ရဖူး...တမီး နာယီဖဲ တမီး ရိုချင်ဒယ်။ အတစ်ယဲ မရိုချင်ဖူး။ အထုပန် တောင်းပေး... ဟင့်ဟင့်.... "

၃။ဘယ်လောက်ပဲ ဟောင်းနွမ်း စုတ်ပြတ် တန်ဖိုးကျ နေပါစေ အသစ်ကို စိတ်မ၀င်စားဘဲ ကိုယ်တန်ဖိုး ထားတဲ့ အရာကိုပဲ အစွဲအလမ်း ကြီးပြီး မြတ်နိုး တတ်တဲ့အကျင့်။

ဇာတ်လမ်း(၄)
တစ်နေ့ သိပ်ချစ်ရတဲ့ တီတီဒွင်းနဲ့ တူဝရီးနှစ်ယောက် ရှော့ပင်းထွက်ကြတယ်။ဟယ်... ကြည့်စမ်း.. ရုပ်ရုပ်လေးက လှလိုက်တာ။

"တီဒွင်း..တီဒွင်း.... အဲဒီ ရုပ်ရုပ်လေး လိုချင်တယ်။မက်မက်ကို အဲဒီရုပ်ရုပ်လေး ၀ယ်ပေး"
"နောက်နေ့ကျမှ ၀ယ်နော်သမီး.. အခုဝယ်ရင် ပစ္စည်းတွေ မနိုင်မနင်းနဲ့ သယ်နေ ရမှာပေါ့သမီးရဲ့"
"ဟင့်အင်း..ဟင့်အင်း.. ရဖူး..ရဖူး... အထုချို အထုဖဲ ရိုချင်ဒယ်။ဝယ်ပေး...အထုဖဲ ၀ယ်ပေး။ နောက်ချိုဒါ အထုယောက် ချိတ်မချ ရဖူးဒဲ့။ နောက်မှ ၀ယ်ပေးမယ် ချိုပြီး ထရေးဂို ညာတွားမှာ တိနေဒယ် နော် တီတီဒွင်း..ဟွန်း...မ၀ယ်ပေးရင် တီတီဒွင်းဂို မထော်ဒေါ့ဖူး.. ဒါဖဲ.. ဟင့်"

၎။လိုချင်တာကို မရမက ဇွတ်တောင်းတတ်တဲ့အကျင့်။ :p

ဇာတ်လမ်း(၅)
"ဟယ်..သမီးမက်မက်... နှမြောစရာကြီး သမီးရယ်။ ဒါက အကောင်း ကြီးဟာကို ဘာလို့ လွှင့်ပစ်လိုက် ရတာတုန်း"

"သမီး မလိုချင် တော့လို့ တီတီဒွင်း၊ ဒါကြောင့် မျက်စိရှုပ်လို့ လွင့်ပစ်လိုက်တာ"

၅။ကိုယ်မလို ချင်တော့ရင် ဘယ်အရာကိုမှ မျက်စိရှေ့မှာ မမြင်ချင်တဲ့ အကျင့်။ :p

ဇာတ်လမ်း(၆)
"အစ်မ..အကျီ င်္ ချုပ်ခ ဘယ်လောက် ကျလဲမသိဘူး နော်"
"5500ကျတယ် ညီမလေး"
"ဟုတ်..အစ်မ၊ ဒီမှာရော့5500"

"ဟဲ့...ဟဲ့...သမီးမိမက်..အခုမှ ရွေးလာတဲ့ အကျီ င်္ကိုဘာလို့ ကပ်ကြေးနဲ့ တစ်စစီ ညှပ်နေတာတုန်း"
"ကိုယ်လိုချင်တဲ့ ပုံစံကို မချုပ်ပေးလို့ တီဒွင်း။ လိုချင်တဲ့ ပုံစံကို ဒီလောက် နားလည်အောင် အခေါက်ခေါက် အခါခါ ပြောထားရဲ့သားနဲ့ ချုပ်ပေး လိုက်တာကိုလည်း ကြည့်ဦးတီဒွင်းရ"

"ဒါလေးလည်း တမျိုးလေး ကြည့်ကောင်းတာပဲ သမီးရဲ့၊ဘာတွေ စိတ်တိုင်း မကျဖြစ်လို့လဲ"
"ဟင့်အင်း... မကြိုက်ဘူး။ ကိုယ်ပြောတဲ့ အတိုင်း လိုချင်လို့ သူပြောတဲ့ ကျသင့်ငွေကို ဈေး မဆစ်ဘဲ အပ်လိုက်တာ။ မက်မက်က ပြောရင် ပြောတဲ့အတိုင်းပဲ လိုချင်တယ်"

၆။တိတိကျကျ ဖြစ်ရမှ ကြိုက်တတ်တဲ့ တိကျမှု့ကို ခုံမင်တဲ့ အကျင့်။

ဇာတ်လမ်း(၇)
"ကောင်မလေး နင့်ရဲ့ xxxကဒ် တော့ရပြီ၊ ဒါပေမယ့် ငါ့ကို ငွေxxxxx ကျပ်ပေးမှ ငါပေးမယ်။
"ဘာ..ဘာ..အော်...အဲလိုလား...ရတယ်ဦးလေး..ဒါဆိုလည်း အဲဒီ xxxကဒ်ကို မယူတော့ဘူး.. ဒီရုံးမှာပဲ ထားလိုက်တော့။တစ်ချို့တွေ ဒီကဒ်မရှိဘဲ လူ့ဘ၀ကို သက်တမ်း ပြည့်နေပြီး သေသွားတဲ့ သူတွေတောင် ရှိသေးတာပဲ ဦးရယ်။ ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာ။ ဦးလေးက ကိုယ့်ရာထူးကိုမှ အားမနာပဲ ဒီxxxကဒ်ကို ရောင်းစား သလိုများ ဖြစ်နေသလားလို့။ ကိစ္စမရှိဘူးဦးလေး၊ မျက်စိရှေ့မှာ ကိုယ့်xxxကဒ်ကို အခုမြင် နေရပေမယ့် မယူတော့ဘူး ဦးလေး။ကျေးဇူးပဲ"

၇။ အသေးအဖွဲ ငွေပမာဏပဲ ဖြစ်နေပါစေ။ ငွေစကားပြောပြီး ကိုယ့်ကို လာကတ်ရင် ပြန်ဂျစ်တွန်း တတ်တဲ့ အကျင့်။ :@

ဇာတ်လမ်း(၈)
.......ချုပ်ကြီးရုံးခန်း
"ဦး......ဦးရဲ့ လက်အောက် ၀န်ထမ်းက.........."
"သမီးရယ်...သူက အပြောမတတ် သာပါ။ အဲလို သဘောမျိုးလဲ မဟုတ်ပါဘူး။ ဦးတို့မှာက ရုံးအသစ် ဆိုတော့ လိုအပ်ချက်တွေ ဖြည့်ဖို့အတွက် ရန်ပုံငွေ ကောက်တာပါ သမီးရ။ ပန်ကာပဲ ဖြစ်ဖြစ်၊ ရုံးသုံး ကိရိယာတွေပဲ ဖြစ်ဖြစ်၊စာရေး စားပွဲတွေပဲ ဖြစ်ဖြစ် သမီးတတ် နိုင်သလောက် လှူလို့ရပါတယ်"

"ဟုတ်ကဲ့ဦး၊ ဦးလိုချိုချို သာသာနဲ့ ပြောပြီးတောင်းရင် အဲဒီလူ တောင်းတဲ့ ငွေပမာဏတင် မဟုတ်ဘူး။ ဒီရုံးတစ်ခုလုံးကို အစအဆုံး ပြင်ဆောက်ပေးပြီး ဦးတို့ရဲ့ ရုံးခန်းကိုပါ လိုအပ်တဲ့ Facility အပြည့် တပ်ဆင်ပေးလို့ ရတယ်။အခုဟာက ငွေပေးမှ xxxကဒ်ထုတ် ပေးမယ်။ငွေမပေးရင် မပေးဘူး ဆိုပြီး အံဆွဲထဲ ပြန်ထည့်ပစ် လိုက်တာကိုတော့ လုံးဝ မကြေနပ်ဘူးဦး။

၈။ကိုယ်မှန်နေရင် ပဲဖြစ်ဖြစ်၊ကိုယ်မကြိုက်ရင် ဘဲဖြစ်ဖြစ် ဘယ်အရာရှိ အရာခံ ရာထူးတွေ ဂုဏ်ပုဒ်တွေကို ဂရုမစိုက်ဘဲ မကြောက်မရွံ တိုက်ရိုက် အထက် တက်ပြော တတ်တဲ့အကျင့်။ :z :x

ဇာတ်လမ်း(၉)
"အား...! ခေါင်းကိုက် လိုက်တာ တီတီဒွင်းရယ်၊ မျက်ရိုးတွေလည်း အရမ်းကိုက်တယ်.. ဟင့်ဟင့်.."
"ကြည့်စမ်း၊ကြည့်စမ်း၊ ဒီလောက်နေမကောင်းဖြစ်နေတောင် သူများကို ကူညီပြီး ပုံတွေကို ဆွဲပေးနေရလား သမီးရဲ့၊ သက်သာမှ ဆက်လုပ်လဲ ရသားနဲ့ သမီးလေးရယ်"

"ဟုတ်ကဲ့ပါ တီဒွင်းရဲ့။ သူ့ကို ဒီနေ့အပြီး လုပ်ပေးမယ် ပြောထားလို့ပါ။ မြန်မြန်ပြီးအောင် ကူညီလိုက်တော့၊သူလည်း စောစောစီးစီး ပျော်လို့ ရတာပေါ့ တီဒွင်းရ...နော်"
"ကောင်းပါပြီရှင်၊ ကောင်းပါပြီ၊ ပြောမရမဲ့ အတူတူတော့ ပြီးအောင်သာ လုပ်တော့၊ ပြီးရင် ဆေးသောက်ပြီး စောစောစီးစီး နားလိုက်နော်"
"ဟုတ်ကဲ့ တီဒွင်း..အာဝါးးး "

၉။ကူညီစရာ ရှိရင် ကိုယ့်ကျန်းမာရေးတောင် ဂရုမစိုက်ဘဲ ကူညီပေး တတ်တဲ့အကျင့်။ :p

ဇာတ်လမ်း(၁၀)
"ဟဲ့..အိပ်မက်မလေး! အလုပ်ထဲမှာ ဒီလောက် အလုပ်များ နေတာတောင် မရတဲ့ အချိန်ကို ရအောင်ယူပြီး ပို့စ်ရေးနေတဲ့ ညည်းကိုတော့ ကျုပ်ဖြင့် အံ့ပါအေ၊ အံ့ပါ့။ တကယ်ပါပဲ၊ ညည်းကို ကျုပ် ခြေဖျားရော၊ လက်ဖျားရော မကဘူး၊ တစ်ကိုယ်လုံးကိုပါ ခါပါတယ်အေ"

"ဟားဟား..တီဒွင်းရယ်...တစ်ကိုယ်လုံး တော့မခါလိုက် ပါနဲ့၊ လက်ဖျား လောက်ပဲ ခါရင် တော်ပါပြီ၊ တော်နေ ပြုတ်ကျကုန် ပါဦးမယ်...ဟဲ..ဟဲ...:P :P သမီးကို ခင်လို့ တက်ဂ် ထားတာကို သမီးက Follow up လုပ်ရမယ်လေ၊ အခုတောင် နောက်ကျမှ ရေးပေးရလို့ သမီးက အရမ်းကို အားနာနေပြီ တီဒွင်းရ။ ခုရက်ပိုင်း မအားလို့ ပို့စ်အသစ် မတင်နိုင် ဖြစ်နေတာကိုလည်း စာဖတ်သူ တွေကို သမီး မက်မက်က အရမ်းကို အားနာနေတာ။
၁၀။ သူများကို အားနာတတ်တဲ့အကျင့်။ :z :k

ဟဲဟဲ.. အဲဒါတွေကတော့ အဒေါ်ဖြစ်သူ DREAM နဲ့ တူမဖြစ်သူ အိပ်မက်(ခ)မက်မက်တို့ရဲ့ အပြန်အလှန် အသုံးပြုထားတဲ့ ဇာတ်လမ်းကို ဦးဦးပတ်ကျိလို့ ချစ်စနိုးခေါ်တဲ့ အဲ.. ဟုတ်ပါဘူး မောင်လေးပိစိ က တက်ဂ်ထားတာကို ရေးပေး လိုက်ပါတယ်။ :P ကျေနပ်တော့ ပတ်ကျိရေ... နော်... :P :z :r

0 comments: