ဆူးလင်းသစ် >> ကိုယ့်အကြောင်း

Friday, December 5, 2008

တက်စရာ ဘာလေးရေးရင် ကောင်းမလည်းလို့ လိုက်ရှာကြည့်လိုက်တော့ အလွယ်ဆုံးဟာလေး သွားတွေ့ပါတယ်…။ ကိုယ့်အကြောင်းတဲ့ အဲ့ဒါအလွယ်ဆုံးပဲ။

ကိုယ့်နာမည်————- ဆူးလင်းသစ်

ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ————– ဆူးလင်း၊ သီရိ၊ ဆူး၊ ညီမလေး ၊ကြီးဒေါ်ကြီး

ဒီမှာနေတယ်————- ရန်ကုန်မှာပဲ…

ကိုယ့်ဆီဖုန်းဆက်ချင်ရင် ———- အဟတ်အဟတ်မငြိမ်းလိုပဲလျှို့ဝှက်ချက်

(ကိုယ့်ရဲ့အကြိုက်ဆုံးတွေက)

အရောင်ဆိုရင် ———- စိတ်ပေါ်လာတာကြိုက်တယ်၊ မကြိုက်တာကလွဲရင်လေ

အ၀တ်အစားဆိုရင် ———- ပေါ့ ပါးပြီး သက်တောင့်သက်သာရှိတာမျိုး တစ်ခါတစ်လေကြိုက်တယ်
အဒေါ်ကြီးတစ်ယောက်ရဲ့ အ၀တ်အစားမျိုးလည်း တစ်ခါတစ်လေ ကြိုက်တယ် အဲ့ဒါကြောင့်ကြီးဒေါ်လို့ ခေါ်ကြတာ…

အစားအစာဆိုရင် ———-အရေနဲ့ပြုတ်တွဲစားရတာမျိုးကြိုက်တယ်။ ကြေးအိုးတို့ မုန့်ဟင်းခါးတို့

ပစ္စည်းဆိုရင် ———- ကောင်းတာမှန်ရင်ကြိုက်တယ် ဈေးမကြီးရဘူး။ ဈေးကြီးတဲ့ပစ္စည်းထက်လည်း ကောင်းစေချင်ပြန်ရော

သီချင်းဆိုရင် ———- ခံစားနေရတဲ့အခြေအနေနဲ့ ကိုက်တဲ့သူချင်းမျိုးတွေ ပျော်ရင်ပျော်သလို လွမ်းရင်လွမ်းသလို

စာရေးဆရာ ——— တန်ဖိုးရှိတဲ့စာ ရေးတဲ့သူမှန်သမျှ ကြိုက်တယ် ဆရာဖေမြင့်၊ ဂျူး၊ ရွှေဥဒေါင်း၊ ကောင်းသန့်

စာအုပ် ———– အမြည်းဖတ်ကြည့်လိုက်လို့ ကြိုက်တဲ့ဟာ ကြိုက်တယ်…

Life style ———-လုပ်ချင်ရာလုပ်မယ်….

ကိုယ့်ရဲ့ဝါသနာ ———- စာအုပ်ဖတ်တယ်၊ စိတ်ပညာလေ့လာရတာကြိုက်တယ်…၊ ဟသကားကြည့်တယ်၊ လေ့ကျင့်ခန်းလုပ်တယ်..

အလိုချင်ဆုံးလက်ဆောင် ———- နှင်းဆီပန်းအ၀ါတစ်ပွင့်

ကိုယ့်ရဲ့ အချစ်ဆုံးသူက ———- ကိုယ့်ကိုယ်ကိုယ်ထက်ပိုပြီးချစ်ဖို့ထိုက်တန်မဲ့သူမတွေ့

ကိုယ့်ရဲ့ အလေးစားဆုံးသူက ———- ဖေဖေနဲ့ မေမေ

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ———-သီသီမော်၊ ညိုလေးဆွေ၊ နီလာအောင်၊တိုးတိုး၊သင်ဉ္ဇာသိန်း

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ———- မေမေ

ကိုယ့်ရဲ့ အမုန်းဆုံးသူက ———- မင်းယွန်းသစ်၊ ရှယ်လီဝင်း

ရင်အခုန်ဆုံးအချိန် ———-ခက်၏

အကြောက်ဆုံးအချိန် ———-သရဲကားကြည့်တဲ့အချိန်

အပျော်ဆုံးအချိန် ———- ရောက်မှာကြောက်တယ်… နောက်မပျော်ရမှာစိုးလို့

အမှတ်တရနေ့ ———- 21ရက်…. လတိုင်းရဲ့21

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ———- စိတ်သွားတိုင်းကိုယ်ပါပါစေ

အချစ်ဆိုတာ ———- ရှာဖွေလို့ရတာ အချစ်မဟုတ် မချစ်တတ်ရင်ဓါးတစ်လက်တဲ့

အမုန်းဆိုတာ ———- သူ့အတိုင်းပဲထားတာကောင်းပါတယ်..

အလွမ်းဆိုတာ ———- ဒါပေါ့ ငြိမ်းပြောသလိုပဲ တစ်ခုခုကိုလိုနေတာ

သံယောဇဉ်ဆိုတာ———- သူ့အလိုလိုဖြစ်လာတာ

ဘ၀ဆိုတာ ———- အတက်အကျရှိမှာပျော်ဖို့ကောင်းတာ

သူငယ်ချင်းဆိုတာ ———-အရာအားလုံးအတွက် သဘောအကျဆုံးသူတွေ

ချစ်သူဆိုတာ ———-လာတုတ်နှောင်မဲ့သူ

ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် ———- ခပ်ချောချော …ကောင်မလေး :P အဟတ်အဟတ် ငြိမ်းနင်ပြောသလိုလိုက်ပြောတာနော်…း)

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ———- ကိုယ့်မူကိုယ့်ဟန်အတိုင်းနေ…

အပြောချင်ဆုံးစကားတစ်ခွန်း ———-လူတွေဟာတစ်သမတ်ထည်းဘယ်တော့မှမရှိဘူး

0 comments: