ပုလဲ >> အကြိုက်ဆုံး ကဗျာ

Wednesday, December 10, 2008

မက်မက် လေး ( ပုလဲကိုတီတီလို့ဦးဦးဖျားဖျားခေါ်ခဲ့တဲ့ အင်မတန်မှချောမောလှပ ချစ်စရာကောင်းပြီး လိမ္မာ အာဝါးပေး၍ချစ်တတ်သော ကော်ကော်ကြိုက်သော မိန်းကလေး ) ရဲ့တက်ဂ်ပို့စ်လေးပါ။ မက်မက်လေးရေ တီတီပယဲလို့ခေါ်လို့ တီတီပျော်တယ်ကွယ် အဟုတ်။ အကြောင်းအရာက အကြိုက်ဆုံးကဗျာလေးတဲ့။
- တစ်ကိုယ်တော် -
ဘ၀ကို တစ်ခါတစ်ခါ
အပေါ်စီးက ငုံ့ကြည့်ရတော့လည်း
သိပ်မဆိုးလှဘူးလို့ ထင်လာတယ်...။
ဖျားနာမှုကိုမှာ မစားသောက်ရင်
တစ်နေ့တစ်နေ့ ဘာလုပ်ရမှာလဲ...?
မြစ်ဘေးက သစ်ပင်လိုသူများတွေ
စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့။
ဒါမှမဟုတ်
ပိုက်ဆံတတ်နိုင်တဲ့ အခါကျရင်
ရောဂါတစ်ခုရဲ့ နာမည်ကို ၀ယ်ယူပြီး
ကိုယ့်ကိုကိုယ် စိတ်ပူကြည့်နေချင်တယ်...။
လူတွေက
တစ်ခါ တစ်ခါ လဆန်းလိုက်
တစ်ခါ တစ်ခါ လဆုတ်လိုက်နဲ့
သူတို့ရဲ့ စိတ်ဒီရေက
အတက်အကျ ရှုပ်လွန်းတော့လည်း
ကိုယ့်သင်္ဘောကိုယ်
ဘယ်လို ခုတ်မောင်းရမယ်မှန်း မသိတော့ပြန်ဘူး။
“ချော်လဲရောထိုင် ကြေကွဲတတ်သူတွေ မလာရ”
ငါ့ ဈာပနကို
ငါ တစ်ယောက်တည်း ချမယ်။
လောလောဆယ်မှာ
လိုလိုမည်မည်
ငါ စဉ်းစားကြည့်နေမိတာကတော့
အခုတည်ခင်းတဲ့ ညစာကို
နာမည် ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကိုပဲ
မင်းခိုက်စိုးစန်
* မနိုင်းနိုင်းစနေဆီမှာ တွေ့ခဲ့တဲ့ ကဗျာလေးပါကြိုက်တာလဲ မကြာသေးပါဘူး အကြိုက်ဆုံးကဗျာအနေနဲ့တင်လိုက်ပါတယ်
မက်မက်လေးရေ တီတီရေးပြီးပြီကွယ် ကျေနပ်ပါစေနော့်
မက်မက်လေးကို အမြဲချစ်တဲ့
တီတီပယဲ
အာာာာာာာာဝါးးးးးးးးးးးး x အတိုင်းအတာမရှိပါ :P
( သွယ်-LONE )

0 comments: