ကလေးလေး >> ကလေးလေးအကြိုက်

Friday, December 19, 2008

တော်တော်ကြာနေပါပီ... ဦးဦးဟန်သစ်ငြိမ်က ကလေးလေးကို ကာတွန်းအကြောင်း တက်(ဂ်)တယ်တဲ့... ကလေးလေးရေးပေးတဲ့လေ... ဦးဦးကတောင် မေ့နေလောက်ပါပီ... အဲ့ဒါ ခုရေးပါပြီနော်...!!

ကလေးလေးပါဆိုမှ ကာတွန်းဆို အရမ်းကြိုက်တာပေါ့.. ကာတွန်းမှန်သမျှအကုန်ကြည့်ဖဲ.. ဒါပေမဲ့ အကြိုက်ဆုံးကိုမတွေ့ပါဖူး... အသစ်ပေါ်လာတိုင်းလဲ ကြိုက်လိုက်တာပါဖဲ... ဟိုတလောက ထူးထူးခြားခြားလေး ပြည်တွင်းဖြစ် ကာတွန်းကားလေး ကြည့်ဖစ်တယ်...

ကလေးလေး အရမ်းကြိုက်တဲ့ ကာတွန်းလေးတစ်ခုပါ... အမြဲလဲရှာဖတ်ဖစ်ပါတယ်.. အခုက.. သရုပ်ဆောင် မင်းသားမင်းသမီးတွေမပါဖူး... ကာတွန်းပုံလေးတွေနဲ့ ရိုက်ထားတဲ့ဗွီဒီယိုကား... ကလေးလေးကြိုက်တဲ့ တွတ်ပီကားလေးပေါ.့. ကားနာမည်ကလေ...“မြိုင်ရာဇာတွတ်ပီဧ။် စွန့်စားခန်းများ...” တဲ့...။

ဇာတ်လမ်းအစလေးကိုက ကြုံထိုင်းရွာလေးကို သရုပ်ဖော်တာ အရမ်းပီပြင်တာ.. ဟင့်..ဟင့်... ကလေးလေးတော့ ကြည့်ရင်းနဲ့ ဦးနော်နဲ့ရွာကို လွမ်းတဲ့စိတ်ပါပေါ်လာမိတာ... တိရစ္ဆာန်ပေါင်းစုံရဲ့ စရိုက်လေးတွေကို ရီစရာဖစ်အောင် ရိုက်ထားတယ်..

သရုပ်ဆောင်တွေကတော့... မိန်းမအရမ်းကြောက်တဲ့ မုဆိုးကြီး မြိုင်ရာဇာတွတ်ပီ ((ဦးနော်ကတော့ ဒူ့ကိုကြောက်လည်းတိဖူး..)) ယောကျာ်းကိုအလွန်နိုင်တဲ့ အပေါ်အောက်ခံ အင်္ကျီမပါတဲ့ မသေးမျှင်... မသေးမျှင်ရဲ့မောင် တွတ်ပီရဲ့ယောက်ဖတပည့် မုဆိုးလေး ဗိုက်ကလေး ကြုံတိုင်းရွာသူကြီး ဦးဘစီ... ဂေါ်မစွံလူပျိုကြီး စောမောင်တင်မောင် ((ဦးနော်ကို စောင်းပြောတာဟုတ်ဖူးနော်..!!)) နှင့် တခြားကာတွန်းပုံလေးပါတဲ့ ဗွီဒီယိုကားလေးပါပဲ...

အဲ့ထဲက ကလေးလေးကြိုက်တဲ့ စကားလုံးလေးတွေက.. “ဒီနေ့တွတ်ပီကံမကောင်းပါလား...” “လောကကြီးက တလှည့်စီပါလား..(မိန်းမခိုင်းတိုင်းလုပ်ရင်)” “မုဆိုးလည်းသားကောင် သားကောင်လည်းမုဆိုး” တဲ့ ပြောပြပီးပီနော်.. ရှာကြည့်ကြတော့နော်... ကလေးလေးကူရှာပေးမယ် တိလား..!! ကလေးလေးက ထွေထွေထူးထူး မညွှန်းတတ် မရေးတတ်လို့ ဒီလိုလေးဖဲ ပြောပြရတာပါနော်..။

ကလေးလေးကတော့ကြိုက်လွန်းလို့ ခဏခဏကြည့်ဖစ်တယ် အခု.... ပိုစ့်ရေးရင်းလဲ ကြည့်နေသေးတယ်.. အရမ်းရီရပီး အရမ်းကောင်းတဲ့ ကာတွန်းကားလေးမို့ ကြည့်ဖစ်အောင် ဒီနေရာလေးမှာ ကြည်ြ့ကပါနော်.. ခုတော့ တိဖူးတိဖူး..ဗိုက်ချာဒယ်.....!!

(ကလေးလေး)

ဦးဦးဟန်သစ်ငြိမ်ရေ.... ကလေးလေးတော့ မရေးတတ် ရေးတတ်လေးနဲ့ ကြိုးစားပီးရေးလိုက်ပါပီ.. မုန့်လာဝယ်ကျွေးတော့နော်

0 comments: