စိတ်ကူးယဉ်တယ်

Tuesday, December 30, 2008


အစိမ်းရောင်မြင်တိုင်း ဒေါ်လာငွေတွေကိုမြင်ယောင်တယ်ဘာလို့လဲဆိုတော့ ဒေါ်လာတွေရတာနဲ့ မြန်မာငွေနဲ့လဲပြိး အကြွေးတွေဆပ်ဖို့အိမ်ကိုပို့လိုက်ရယင် မေမေတို့ပျော်လိုက်မယ့်ဖြစ်ခြင်းဆိုပြီးတော့ပေါ့...... အစိမ်းရောင်မြင်တိုင်းဒေါ်လာတွေကိုပိုင်ချင်တယ် (ခပ်များများပေါ့ အနည်းဆုံးဆွဇ်ဘဏ်ကအကောင့်န်တစ်ခုလောက်ပါပဲ)။ အနီရောင်မြင်တိုင်းပတ္တမြားငမောက်တွေကိုမြင်ယောင်တယ်ဘာလို့လဲဆိုတော့ ပြည်တန်ပတ္တမြားဆိုတာ ပုံပြင်တွေမှာသာကြားဖူးတာပေမယ့် တော်တော်အဖိုးထိုက်ဆိုပဲ............ သိပ်များများမဟုတ်တောင် တစ်ပြည်လောက်ရယင် ကမ္ဘာ့ကျောက်မျက်ဈေးကွက်မှာရောင်း........ရတဲ့ငွေတွေကို မြန်မာငွေနဲ့လဲပြီး မြန်မာပြည်က ဆွေမျိုးညာတိတွေကို မင်္ဂလာတရားတော်နဲ့အညီပေးကမ်းလိုက်ရယင် တော်တော်ဒါနမြောက်ပြီး ပီတိဂွမ်းဆီထိသွားမယ့်ကိစ္စပေပဲမဟုတ်လား.........။ အပြာရောင်မြင်တိုင်း နီလာပြာတွေကို သိပ်စိတ်ကူးယဉ်မိတယ်...........နေ့သင့်နံသင့်ကျောက်ဖြစ်လို့ဝမ်းဆက်တစ်ဆင်စာ ကမ္ဘာမှာမပေါ်ဘူးသေးတဲ့ဒီဇိုင်းလှလှလေးနဲ့ကိုယ်ကိုဆင်ယင်လိုက်ချင်တယ်.......
ဘေးကင်းရန်ကင်းပေါ့..........။
အဖြူရောင်မြင်တိုင်း စိန်ရတီခပ်ကြီးကြီးနဲ့ ဗြိတိန်ဘုရင်မသရဖူလို သရဖူမျိုး ..............ဟောလိဝုဒ်စတား တွေရဲ့မင်္ဂလာလက်စွပ် မင်္ဂလာသတို့သမီးရဲ့စိန်စီတဲ့ဂါဝန်တို့လို လှပမက်မောစရာကောင်းတဲ့မင်္ဂလာပွဲလေးတပွဲလောက်တော့ ဆင်နွှဲချင်တယ်လို့ အိပ်မက်တိမ်တိုက်တွေကြားမှာ မက်ခဲ့တာအခုဆိုအတော်ကြာရော့မယ်...........။အခုနေ မှော်ဝင်ကော်ဇောတစ်ချပ်ပိုင်ဆိုင်ခွင့်ရမယ်ဆိုယင် မေမေတို့ရှိတဲ့နေရာကို အခုကိုယ်ရောက်နေတဲ့ နေရာကနေ စိတ်ထဲသတိရတဲ့အချိန်တိုင်း ခဏချင်းကော်ဇောပျံလေးစီးပြီးအရောက်သွားချင်လိုက်တာ......ဘာဖြစ်လို့လဲဆိုတော့ မေမေတိှု့ရှိတဲ့နေရာက ဂျီတော့လို့အသံမကြားကော်နက်ကအခါတိုင်းကျမို့လို့ ဖုန်းဆက်ဖို့ကလဲ ဈေးအကြီးဆုံးစံချိန်ဝင် မြို့တော်ဖြစ်နေတာမို့ ကော်ဇောပျံလေးနဲ့သာဆို စိတ်ကတတိုင်း ရောက်နိုင်မယ်ဆိုဘယ်လောက်ကောင်းလိုက်မလဲ........။ ဒီမှာအစားအသောက်အဆင်မပြေတိုင်း မေမေ့လက်ရာလေးတွေကိုဂျီတိုက်စားဖို့အတွက်ရောပေါ့.........။အရာအားလုံးကို ကိုယ်ထင်သလို အပိုင်စားရနိုင်မယ်ဆိုယင်...............ဆွေဝေးမျိုးဝေး မိဝေးဖဝေးဘဝက အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုတွေပျော်ရွှင်ချမ်းသာကျန်းမာစွာနဲ့နေချင်တယ်..........။အမြဲတမ်းစိတ်ကူးယဉ်မိတာကတော့ ကိုယ်ချစ်ရသူတွေနဲ့ ဝမ်းနည်းခြင်းမရှိတဲ့အဆုံးမရှိပျော်ရွှင်မှုကိုပေါ့..။ထာဝရပါ................။

ကျွန်မကို စိတ်ကူးယဉ်ဖို့ပြောတဲ့ ကိုဝင်းဇော် ကို ဒီစာစုလေးနဲ့ခင်မင်မှုသက်သေထူလိုက်ပါပြီနော်.........

ကိုဝင်းဇော်လဲကျေနပ်မယ်ထင်ပါတယ်........။
ထပ်ပြီး ကျွန်မကနေပြီးတော့ ခင်မင်ရသူစာရေးဖော်တွေဖြစ်တဲ့...........

အစိမ်းရောင်မိန်းကလေး
ကဗျာမလေး
ကိုဇောင်း
ပန်းခရေ
မခင်ဦးမေ
ကိုဖေသိန်း
ကိုမော်စီ
တို့ကိုပါ........။
ကျွန်မထက်ပိုပြီးစိတ်ကူးယဉ်တတ်လိမ့်မယ်လို့ယုံကြည်လို့ပါနော်..။
ရေးပေးဖို့လဲတိုက်တွန်းပါတယ်။





----------------

0 comments: