ပန်းခင်းလေး>> ကြွားရမယ်ဆိုရင် ......

Thursday, December 4, 2008

မမ၀ါ ကဒီပို့ စ်လေးကို တက်ဂ်လိုက်တော့  တော်တော်လေးစဉ်းစားလိုက်ရတယ်။

ဓာတ်ပုံလည်း မတင်တတ်တော့  ပိုဆိုးသွားတယ် ။ ပန်းခင်းလေးက ဒီဆိုဒ်ကို ပိုင်ပိုင်နိုင်နိုင်

မသုံးတတ်သေးဘူးလေ ။ ပညာသင်တုန်း ပဲရှိသေးတယ် ။ မမ၀ါကိုပြောပြတော့  ဓာတ်ပုံမပါလည်း

ရပါတယ်ဆိုတာနဲ့  ပန်းခင်းကြိုက်တဲ့  ပစ္စည်းတွေက ဘာပါလိမ့် ဆိုပြီး ကိုယ့် ကိုယ်ကို ပြန်မေးနေရတယ်

ကိုယ့် ကိုယ်ကို ဘာကြိုက်မှန်းတောင် သတိမထားမိတာ အတော်ကြာပြီလေ

ဒါပေမဲ့  ပန်းခင်းအမြဲလိုလို ၀ယ်ဖြစ်တာ နားကပ်လေးတွေပါ နားကပ်နဲ့  လော့ ကပ်သီးတွေကိုတော့ 

စုဖြစ်တယ် … တကူးတက ရည်ရွယ်ပြီးစုတာမျိုးတော့  မဟုတ်ဘူးနော် … ၀ယ်ရင်း ၀ယ်ရင်းများလာပြီ

စုဖြစ်သွားတာ နားကပ်တွေကတော့  တော်တော်လေးများတယ် အရံ ၃၀ ကျော်လောက်တော့ ရှိတယ်

လော့ ကပ်တွေလည်း ဒီလိုပဲ မေမေက ၀ယ်လိုက် ပန်းခင်းက ၀ယ်လိုက်နဲ့  တဖြေးဖြေးများလာတာလေ

တန်ဖိုးတော့  မကြီးပါဘူး ဒါပေမဲ့ ပန်းခင်းက တန်ဖိုးထားပါတယ် ပစ္စည်းတန်ဖိုးကြီးတာထက်

ကိုယ်နဲ့ သဟဇာတဖြစ်ဖို့  ပန်းခင်းအတွက် ပိုအရေးကြီးနေလို့ လေ (ကြုံဖူးကြမှာပါ တစ်ချို့ ပစ္စည်းတွေက

ဈေးကြီးပြီး ကိုယ်နဲ့ အဆင်မပြေတာတွေလည်းရှိတယ်လေ) fancy ပစ္စည်းလေးတွေကို နှစ်သက်တာက အရွယ်ရောက်

ကတည်းကပါ ။ အခုချိန်ထိလည်း နှစ်သက်ဆဲပါ။

ပြီးတော့  ရှိသေးတယ် … ပန်းခင်းက စက္ကူခေါက်တာလည်းဝါသနာပါတယ်လေ

ဒါကြောင့် ပါကင်ပေပါလှလှလေးတွေ တွေ့ ရင်လည်း အမြဲဝယ်တတ်တာအကျင့်တစ်ခု

ကိုယ်က ၀ယ်လိုက်ရင် အိမ်က လူတွေက ယူသုံးလိုက်ရင်နဲ့  သံသရာကိုလည်နေတာပဲ

စာအုပ်လှလှလေးတွေလည်းစုဆောင်းတတ်ပါတယ် ။ အခုတော့ မစုတော့ ဘူး

ဘာလို့ လဲဆိုတော့  အငယ်မလေးက အကုန်သူကြိုက်တယ် ဆိုပြီး ယူသွားတတ်လို့ 

မစုဖြစ်တော့ ဘူး …

ကြိုက်တာတော့  မိန်းကလေးပဲ ကိုယ်နဲ့ သင့် တော်တဲ့ ပစ္စည်းတွေအားလုံး

သဘောကျတာပေါ့ နော် (ကိုယ်မှာ တကယ်များနေတာကတော့  နားကပ်တွေနဲ့ လော့ ကပ်တွေလေ)

ပုံလေးတွေ တင်ပေးဖို့ အဆင်မပြေတာတော့  အားနာမိတယ် မမ၀ါရေ ပုံမတင်ပေးနိုင်တာ ခွင့်လွှတ်ပါနော်

0 comments: