ပုလဲ >> ကြွားတယ်လို့ဆိုချင်ဆို

Tuesday, December 2, 2008

တက်ဂ်လေးနောက်တစ်ခုပါရှင် မမ၀ါဝါရဲ့“ ကြွားတယ်လို့ဆိုချင်ဆို ” ဆိုတဲ့ပို့စ်လေးပါ ကြွားရတော့မယ်ဆိုလို့ပျော်သွားတာပေါ့ နောက်တော့စဉ်းစားလိုက်မှ ခက်တော့ခက်သပါ့ မမ၀ါဝါ လိုလဲဖိနပ်လည်းမပေါ ကျန်တာဘာရှိသေးလို့လဲ .... ညလောက်ရောက်တော့ ပုလဲကနားကပ်လေးတွေချစ်တယ်လေ ကြိုက်လဲကြိုက်တယ် အဲတော့ အဲဒါလေးတင်လိုက်ရင်များကောင်းမလား ... နောက်တော့အဖြစ်သေးပါဘူး တော်တော်လေးတော့စဉ်းစားလိုက်ရတယ် ..... နောက်တော့မှ မမ၀ါဝါဆီကခေါင်းစားတဲ့အတွက် မုန့်ကျွေးလို့ပြောရမယ် အဟိ...

ခုကြွားမှာကတော့ ပုလဲရဲ့ လက်ပေါ်မှာတင်လိုက်ရင် ကြာကြာမခံတဲ့အရာ၊ ပြီးတော့လက်ပေါ်မှာလှမှ ကြိုက်တဲ့အရာ လက်သည်းဆိုးဆေးပဲဖြစ်ပါတယ်ရှင်
လက်ကိုတယုတယထိန်းသိမ်းမှုမရှိဘူးဆိုပေမယ့် လက်သည်းဆိုးဆေးပုလင်းတွေ့ရင်လဲ မနေနိုင်ဘူး ဆိုးတာလားဆိုတော့လဲ မဟုတ်ဘူး ကြိုက်တာ ... ထူးဆန်းတယ်နော် မိန်းကလေးပီပီ အလှတော့ကြိုက်တာပေါ့ ဒါပေမယ့် ပုလဲကထူးဆန်းတယ် နှုတ်ခမ်းနီဆိုလဲ ကြိုက်တယ် ဒါပေမယ့်မဆိုးဘူး အမနဲ့အမေ့ကိုတောင်ပြောဖူးတယ် အလှပြင်ဆိုင်တွေမှာ ရောင်းသလို ပုလဲအိမ်မှာလည်းအလှပြင်ပစ္စည်းတွေကို အလှထားချင်လိုက်တာလို့ မသုံးပဲနဲ့ ထိုင်ကြည့်နေချင်တာ ...
ပုလဲဆိုတဲ့ကောင်မလေးက အဲသလိုပါရှင် ...


အပေါ်ကပုလင်းနှစ်ပုလင်းထဲက အဖြူရောင်လေးက လက်သည်းဆိုးဆေးမဆိုးခင်မှာ အသုံးပြုရတာပါ အဲဒါလေးကသုံးလို့ကောင်းတယ် သူ့ကိုအသုံးပြုပြီး လက်သည်းဆေးဆိုးလိုက်ရင် ဖျက်ချင်လို့ဖျက်မယ်ဆိုရင်တောင် ဖျက်ဆေးသုံးစရာမလိုဘူး ဒီတိုင်းခွာလိုက်လို့ရတယ် အဖက်လိုက်ကွာပါတယ် အ၀ါလေးကတော့ လက်သည်းဆိုးဆေးတင်ပြီးရင် ထပ်ဆိုးရတဲ့ဆိုးဆေးပါ လက်သည်းအရောင်ကို ပြောင်ပြောင်ချောချောလေးဖြစ်စေပါတယ်


ဒီအရောင်လေးတွေကတော့ ပုလဲနှစ်သက်တာလေးတွေပါ ...


ဒီပုလင်းတွေထဲက ပန်းရောင်ပုလင်းလေးကတော့ ပုလဲအချစ်ဆုံးပေါ့ လှတယ်ရှင့် ...

ဒီထဲက ရွှေရောင်ဆန်ဆန် ပုလင်းလေးက ဒုတိယအနှစ်ကလေးပါ သူကပြောင်ပြောင်လေးဆိုပေမယ့် အရောင်နုတော့ ဆိုးလိုက်ရင် ကြည့်လို့ကောင်းပါတယ် ...

မမ၀ါဝါ ရေးလိုက်ပါပြီနော် ဟဲဟဲ ကြွားစရာကတော့ဒါပဲချိတယ်ရှင့် ကျေနပ်ပါစေနော်
ညီအမများ ဆိုးချင်စိတ်ကလေးများရှိလာရင် ပုလဲ ဆိုင်ဖွင့်ရင် အကြောင်းကြားလိုက်ပါ့မယ်ရှင်
အားလုံးပဲ အဆင်ပြေကြပါစေ
ပျော်ရွှင်ပါစေ...။
( သွယ်-LONE )

0 comments: