ပန်းခင်းလေး>>မေးချင်ရာမေး ဖြေပေးဖို့ အသင့် 

Thursday, December 4, 2008

ဒီနေ့ အပျင်းထူရင်ကောင်းမလားစဉ်းစာနေတုန်း အစ်မတော်သက်တန့် က

ညီမလေးရေ အစ်မဆီကိုလာပါဦး ဆိုတာနဲ့  သွားကြည့်တော့ 

အမလေး အစ်မတော်က အပါခေါ်ထားတာကိုး ......

အင်း ...ဂလိုဆိုတော့ လည်း ဘယ်တတ်နိုင်ပါ့ မလဲနော် ပျင်းဖို့ အရှိန်ယူနေတဲ့ စိတ်လေးကို ပြန်လျော့ ပြီး

ချစ်မမ သက်တန့် က ညီမတော် ပန်းခင်းလေးကို ဘာညာသာရကာ နေကြာကွာစေ့ ဆိုပြီးတတ်ထားတာ

မေးချင်ရာမေး ဖြေပေးဖို့ အသင့် ပါ ဆိုပြီး ရေးပေးလိုက်ပါတယ်...

တတ်တဲ့ မမကိုပဲ “သူ”ဆိုတဲ့ နေရာလေးမှာ ထားလိုက်ပြီနော်


၁) သူနဲ့ ဘယ်လိုပတ်သက်လဲ...

အင်း ဘယ်လိုပက်သက်လဲဆိုတော့  ညီအစ်မတွေလေ မတွေ့ ဖူးမမြင်ဖူးကြပေမဲ့  သိပ်ချစ်ကြတဲ့ ညီမတွေပေါ

့(ဟုတ်ဘူးလား မမသက်တန့် ရေ )

၂) သူ့အပေါ် ထင်မြင်ချက် ငါးချက်

- ချစ်စရာကောင်းတာတော့  အမှန်ပဲ

- ဖော်လည်းဖော် ရွေတယ်

- ခင်ဖို့ လည်းကောင်းတယ်

- အစ်မကောင်းတစ်ယောက်ပဲ

- ယောင်းမတော်ရင်တောင် ကောင်းမလားလို့  ဟီး ....ဟီး (ခက်တာက အစ်ကိုအရင်းမရှိတာပဲ )

၃) အမှတ်တရအဖြစ်ဆုံး သူလုပ်ပေးခဲ့ဖူးတာ

ဟုတ်ကဲ့ အမှတ်တရ ဖြစ်စရာတွေက အများကြီးပါပဲ ... ပန်းခင်းလေးဒုက္ခရောက်တိုင်း စိတ်ညစ်စရာရှိတိုင်း

မမသက်တန့် က ကူညီပေးတယ် ..... (အရမ်းချစ်ဖို့ ကောင်းတဲ့ အစ်မတော်ပဲ )

၎) အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့စကား

ညီမလေးက ချစ်စရာလေးတဲ့  မျက်နှာလေးကလည်း နာမည်နဲ့ လိုက်အောင် အေးချမ်းတယ်တဲ့

( ဟီး...ဟီး ဒါပဲမှတ်မိတယ် )

၅) သူသာ ကျွန်မချစ်သူ ဖြစ်လာခဲ့ရင်

အယ် ဘာတွေလျှောက်မေးနေတာလဲ ..... ညီအစ်မတွေကို ဘာတွေလာမေးမှန်းမသိဘူး

၆) ကျွန်မချစ်သူဖြစ်လာရင် သူဘာတွေ ပြောင်းလဲရမလဲ

နောင်ဘ၀မှပဲ ဆက်စဉ်းစားတော့ မယ် ..... ဒီဘ၀တော့  မဖြစ်နိုင်တော့ ဘူး

၇) သူက ကျွန်မ ရန်သူဖြစ်နေမယ်ဆိုရင်

ပြန်ပေတော့ မစဉ်းစားနဲ့ ပြန်ပေတော့  မစဉ်းစားနဲ့  ပြန်ပေတော့  ....

ပြန်ပေတော့  ပြန်ပြန်နောက်လှည့်ပြီးတော့ ပြန်

( မေးတဲ့ သူကိုပြန်ခိုင်းတာနော် ... ရန်သူဖြစ်စရာအကြောင်းမှမရှိတာ .... )

၈) ရန်သူဖြစ်လာစရာ အကြောင်းရင်းကရော

အကြံတူရန်သူတဲ့  (ဟီး ..ဟီး သူများတွေပြောနေကျတာပဲ :P )

၉) သူ့အတွက် ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေး

တစ်ခါလောက်တော့ အပြင်မှာဆုံပြီး ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲ အရင်မေးတာကောင်းမယ်နော်

(ဒါမှ သူဘာလိုတယ် ကိုယ်ဘာလုပ်ပေးရမလဲ စီစဉ်လို့ ရမှာ :) )

၁၀) သူ့အပေါ် ခြုံပြီးသုံးသပ်ကြည့်ရင်

ခြုံပြီးကြည့်ရင်တော့  နွေးမှာပေါ့ နော် အလကားပြောတာပါ အစ်မကောင်းတစ်ယောက်ပီသတယ်

၁၁) ကျွန်မအပေါ် ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေကို ဘယ်လိုမြင်လဲ

(အင်း မေးကြည့်ရဦးမှာပဲ ဘယ်လိုတွေထင်နေလဲမသိဘူးလေ ...

အစ်ကိုတော် တစ်ယောက်ကတော့  နီးရာမီးမှာအရည်ပျော်တတ်တဲ့ 

ဖယောင်းလိုမိန်းကလေးမဖြစ်စေချင်ဘူးလို့ တော့ ပြောတာပဲ )

၁၂) ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ Characteristic

ပျော်ပျော်နေသေခဲ ... အိမ်မှာနေ အမေဆဲ

(အဲ ..ဟုတ်ပါဘူး ...အမှန်တွေ လူသိကုန်ပြီ )

၁၃) ကိုယ့်ကိုယ်ကို အမုန်းဆုံး Characteristics

စိတ်ဓာတ်က မာမလိုလိုနဲ့  တကယ်တမ်းကျတော့  ဘာမှလည်းမဟုတ်ဘူး

(အဲ့ ဒါကို မုန်းတယ် အဲ့ အကျင့်ကို ဖျောက်ပေးကြပါဗျို့  )

၁၄) ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက

ဖြစ်သမျှ ပျက်သမျှ ခေါင်းအေးအေးထားပြီး ဖြေရှင်းပေးနိုင်တဲ့ သူဖြစ်ချင်တယ်

၁၅) ချစ်ခင် ဂရုစိုက်တဲ့သူတွေကို ပြောချင်တာ

ချစ်ပါ ခင်ပါ ...ရပါတယ် ဒါပေမဲ့  တွယ်ကပ်ဖို့ မကြိုးစားပါနဲ့ လို့ 

(ဟုတ်တယ်လေ ပန်းခင်းတောင် အဖေတို့ နဲ့ ကပ်နေနေရတာ ဟဲဟဲ... )

မမသက်တန့် ရေ တတ်ပြီးပြီနော် ဘယ်သူ့ ကိုဒုက္ခပေးရမလဲ ....ဟုတ်ပြီ ....

ဟဲဟဲ အစ်ကိုတော် အန်ဒီ နဲ့  သူငယ်ချင်း ဟန်လင်းထွန်းရေ ရေးပေးတော့ နော်

ကောင်းကောင်းရေး ပေါက်ကရတွေမရေးနဲ့ 

0 comments: