Dream>>လက်တွေ့စိတ်ကူးယဉ်ခြင်း

Tuesday, December 30, 2008

စိတ်ကူးယဉ်ခြင်းတဲ့.. တူတော်မောင် ဂျယ်လီ (ဂျယ်ဂျဲ ) နဲ့ သယ်ရင်း ဂုရုကြီး (မယ်ဂုမီ )က ထပ်တက်ဂ်လိုက်ပြန်ပြီ၊ စိတ်ကူးယဉ်... အတွေးကမ္ဘာထဲ.. ဟင်းဟင်.... သူလဲလေ အမြဲပါဆဲ...အဟတ်အဟတ်....အော်....ယောင်ကုန်ပါပြီ.....ကြော်ငြာနဲ့ မှားကုန်ပြီ... ဟားဟား..... :P

ဘယ်လိုစိတ်ကူး ယဉ်တာလဲ ဆိုတော့ အိပ်မက်တွေပေါ့........အိပ်မက်တွေ.....စိတ်ကူးယဉ် အိပ်မက်တွေ....မက်မက်က တော်တော်လေးကို စိတ်ကူးယဉ် နေတတ်တာ....အလကား နေရင်းနဲ့ကို တခုခုကို အမြဲတွေးတော နေတတ်တာ.....အဲဒီတွေးတော ထားတဲ့အရာ တွေကိုလည်း မဖြစ်ဖြစ်အောင် အကောင်အထည် ဖော်တတ်တဲ့ အကျင့်က လည်းရှိတယ်...အခုလည်း စိတ်ကူးယဉ်ပြီး စိတ်ကူးထားတာ ရှိတယ်....သိလား...အဲဒါ ဘာလဲ ဆိုတော့...တရုတ်နှစ်သစ်ကူးကို ခွင့်ရက်ရတုန်း ရန်ကုန်ကို ခဏဖြစ်ဖြစ် ပြန်ချင်တယ်......အဖေနဲ့ အမေကို လွမ်းသမျှ အတိုးချချွဲမယ်..... ကြုံသလို သတိရနေတတ်တဲ့ မက်မက် သမီးလေး မေစီရတနာ လေးကိုလည်း အတိုးချ အလွမ်းသယ် အာဝါးပေး ရတော့မယ်...အဟဲ...ပြီးရင် စားချင်တာတွေ အကုန်လျှောက် စားပစ်မယ်...ကြေးအိုး...၀က်သားတုတ်ထိုး...မြေနီကုန်းက လဘ္ဘရည် ...အို...အစုံအစုံကို စားပစ်အုန်းမှာ .....အဟဲ...တော်တော်တော့ ပျော်စရာ အရမ်းကောင်းတယ်...ပြီးရင် တူမလေး ရှိတဲ့မန္တလေးကို သွားလည်မယ်...တူမလေးကို သွားကြည့်ဦးမယ်...ပြီးရင် မွေးရပ်ဇာတိ ဖြစ်တဲ့ ပန်းမြို့တော် (မေမြို့မဟုတ်တဲ့ ပြင်ဦးလွင်)ကို သွားလည်မယ်.... ပြီးရင်...ပြီးရင်..ဘာလုပ်မလဲ ဆိုတော့ ရန်ကုန် မှာရှိတဲ့ ဘလော့ကာ မောင်နှမ တွေကိုတွေ့မယ်....ရင်းနှီးချစ်ခင်မှုနဲ့ပါ...မောင်နှမတွေကို ခင်တာ ခင်ရတာ ချစ်တာ ချစ်ရတာ...တချို့ကလည်း မြင်ဖူးပြီးသား ပါသလို....တချို့ကိုလည်း မမြင်ဖူးသေးဘူး ...ဒါကြောင့် သူတို့တွေနဲ့ တွေ့မယ်..... ပြီးရင် အဲဒီမောင်နှမ တွေနဲ့စုပြီး ဘုရားဖူးခရီး ထွက်မယ်.....အခုရာသီက ဘယ်ကိုသွားရင် အသင့်တော်ဆုံးလဲ ဆိုတော့ ကျိုက်ထီးရိုး စေတီပေါ့....မက်မက်တကယ်ကို စိတ်ကူးနဲ့ သွားနေရတာပေါ့.... ပြီးတော့ အလှူအတန်းတွေ လုပ်မယ်..... တောင်တက်လမ်း တလျှောက် တွေ့ရတဲ့ ကလေးတွေကို မုန့်ဖိုးပေးမယ်... ၀ါးးးး တွေးရင်းနဲ့တောင် အခုပဲ သွားချင်လာပြီ... ဟိဟိ... :P

အခုတောင် ကိုယ့်စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့... အွန်လိုင်းမှာ ခင်ရတဲ့ ချစ်ရတဲ့ ဘလော့ကာ မောင်နှမ တွေကို ပြောပြလိုက်တယ်...မက်မက်ရဲ့ အစ်ကိုအစ်မတွေက တော်တော်လေး အားကိုးရတယ်... အိုကေတဲ့... ဒါဆို အားလုံး တွေ့ဖို့ စီစဉ်လိုက်မယ်တဲ့... .....ဟယ်.... ကြည့်စမ်း.... ဘယ်လောက် ပျော်စရာကောင်းလဲ...၀မ်းသာစရာကြီး.....နော်... မောင်နှမတွေကို စုစုစည်းစည်း နဲ့ တနေရာတည်းမှာ တွေ့ရတော့မယ်...ပြီးရင် ကျိုက်ထီးရိုးစေတီ ဘုရားကို ပျော်ပျော်ပါးပါး သွားဖူးကြမယ်....တွေးတာနဲ့တင် ဘယ်လောက် ပျော်စရာ ကောင်းလဲ... နော်... ... ဒန်ဒန်....ဒန်...... :)

မက်မက်ရဲ့ စိတ်ကူးယဉ် လေးတွေကို အကောင်အထည်ဖော်ဖို့ ဘလော့ကာ မောင်နှမတွေကို ဖိတ်ပါတယ် .... မက်မက်နဲ့ အတူ ရန်ကုန်မှာ တွေ့ဆုံပွဲလေး လုပ်ဖို့ ပါဝင်မဲ့ ဘလော့ကာ အစ်ကိုအစ်မတွေ မောင်နှမတွေ အားလုံးကို ဖိတ်ပါတယ်.... အဲဒီတွေ့ဆုံ ပွဲအတွက် ပါဝင်မယ့် အစ်ကို အစ်မတွေရဲ့ နာမည်နဲ့ ဘလော့လင့် လေးတွေကို အခုပေးထားမယ့် မေးလ်မှာ ပေးပို့နိုင်ပါတယ်.....ပြီးတော့ တွေ့ဆုံပွဲ အပြီးမှာ ကျိုက်ထီးရိုး ဘုရားဖူးကို သွားရန် စီစဉ်ထား ပါတယ်ရှင်...အားလုံးကို ပျော်ပျော်ပါးပါးနဲ့ မောင်နှမတွေကို ခင်ခင်မင်မင် တွေ့ဆုံနိုင်ရန် ရည်ရွယ်ထားပါတယ်......ပြီးတော့ ဘလော့ကာ မောင်နှမတွေ ကိုလည်းပိုပြီး နယ်စည်း မခြားဘဲ ပို၍ ခင်ခင်မင်မင် စည်းစည်းလုံးလုံး ဖြစ်နိုင်ရန် ရည်ရွယ်ပါတယ်......အိပ်မက်ဆိုတာ ကိုယ့်စိတ်ကူး တွေက ကိုယ့်ကို ပြန်ပြောပြနေတဲ့ ပုံပြင်တစ်ခုကို လက်တွေ့အကောင် အထည်ဖော် ကြပါစို့နော်......နယ်ဝေးရောက် နေတဲ့ဘလော့ကာတွေလည်း အမိမြန်မာပြည်ကို ပြန်လာ၍ ပါဝင်ကြပါရန် ဖိတ်ခေါ်ပါတယ်....တကယ်လည်း မျှော်လင့်ပါတယ်.....ဖြစ်နိုင်ရင် ခွင့်ယူပြီး အမိမြန်မာပြည်မှာ တွေ့ဆုံကြရန် ပြန်လာကြပါနော်... :P :)

တရုတ်နှစ် သစ်ကူးရက်နဲ့ အားလုံး အားလပ်နိုင်မယ့် ရက်ကို တွေ့ဆုံနိုင် ကြစေဖို့ စီစဉ်ထားပါတယ်။ ရက်အတိအကျကို ပြန်လည်ကြေငြာ ပေးပါ့မယ်.....နော်....... အော်.. အထူးအစီအစဉ် တစ်ရပ်ကိုလည်း ထည့်သွင်းထားသေးတယ် သိလား.. ပေးပို့လာတဲ့ မေးလ်ထဲကို အကြောင်းကြား ပေးမယ်နော်....ပါဝင်မယ် ဆိုရင်တော့ dream@crazydreamlover.com or crazydreamlover@gmail.com or မက်မက်ရဲ့ အစ်ကို ဖြစ်သူ ကိုရင်ဝဿန် johnsout7@gmail.com တို့ စာရင်းပေး နိုင်ပါတယ်....အားလုံး စိတ်တူကိုယ်တူ ပျော်ရွှင်စွာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်.... နော်......

0 comments: