ွှTAG ပို့စ်နဲ့ ပတ်သက်ပြီး ဖြေခဲ့ဖူးတဲ့ ဖြစ်သလို စားခြင်းကို ပြန်လည် တင်ပေးလိုက်တာပါ ..
သူငယ်ချင်းတွေက အခုတလော အရမ်းကို တက်နေကျတယ်.. ပူလို့နဲ့ တူပါရဲ့...စတာပါ
ပြန်ဖြေရတော့မှာပဲ .. ဖြစ်သလိုစားခြင်းကို...
ကျွန်တော် ငယ်ငယ်က ဂျီးများတယ် ..ရေချိုးရမှာကြောက်လို့လေ..ဟိဟိ
စတာပါ တစ်နေ့ ၃ခါအနည်းဆုံး ရေချိုးတယ် ..သန့်ကြောင်း ကြုံတုန်းသိအောင် ပြောပြတာ..
မိဘအိမ်မှာနေတုန်းကတော့ ဂျီးများတယ် ..အစားအသောက်ရွေးတယ်ပေါ့
အသားဟင်းနဲ့ အရည်သောက်ပါမှစားတာ ..အသားဟင်းတောင် ၀က် ၊ ကြက် ၊
ဆိတ်သားမှ စားတာ .. မိုးသောက်လို့ ရောင်နီလာတာနဲ့ လက်ဖက်သုတ် ၊ တိုးဟူးသုတ် ၊
အကြော် ၊ ပဲပြုတ် တို့ပါမှ စားတာ.. ကျန်တဲ့ မုန့်တွေတော့ သိပ်မစားဖြစ်ဘူး
ထမင်း ၊ ဟင်းကိုပဲ အားပြုစားတယ် ( အားများနေလို့လေ )
အစာအိမ်ကလည်း သိပ်လက်သင့်မခံဘူးဗျ (တစ်နေ့ ၅နပ်လောက်ပါပဲ )
အဲလိုနဲ့ပဲ အိမ်နဲ့ကင်းကွာပြီး ကျောင်းတက်တာက စတော့တာပါပဲ
ဂျီးများတတ်တဲ့ ကျွန်တော်လေ .. ဆိုင် ထမင်း ဟင်း စစားတဲ့ အခါမှာပဲ စိတ်ညစ်ရတော့တယ်
ဗိုက်ကဆာပေမယ့် စိတ်က ဂျီးများတတ်တော့ စားလို့ သိပ်မ၀င်ဘူး..
မေမေ့စိတ်ကူးနဲ့ ချက်ထားတာလောက် စားမကောင်းဘူးဗျ .. မေမေ့လက်ရာက
အဲလောက်ထိကောင်းတာ ( အရိုက်ခံရလို့ ကျောမှာ အရာထင်လို့လေ )
မေမေ ချက်ကျွေးတဲ့ ထမင်း ဟင်းကို ကောင်းကြောင်းပြောနေတာ မေမေသာသိရင်
အိမ်ပြန်တဲ့အခါ သားအကြိုက်ဆိုပြီး အမယ်များစွာနဲ့ ချက်ကျွေးမှာ သေချာတယ် ..
ရေးရင်းနဲ့တောင် တမ်းတလို့ စားချင်စိတ်တွေ ဖြစ်နေပြီ ..
တက္ကသိုလ်ကျောင်းတက်တာကစပြီး ဂျီးများတဲ့စိတ်တွေ ပျောက်ကုန်တယ်..
ဇတ်လမ်းက စပြီလေ .. သူငယ်ချင်းတစ်အုပ်နဲ့ ဆိုင်ကယ်တွေစီးပြီး ပျော်နေရရင်
ထမင်းမေ့ ဟင်းမေ့ပဲ .. မရောက်ဖူးတဲ့ ဒေသတွေသွားလိုက် ဘုရားတွေ ဖူးလိုက်နဲ့
လမ်းမှာ ဗိုက်ဆာရင် ကြုံတဲ့ဆိုင် ၀င်ဆွဲလိုက်တာပဲ (ထမင်း ဟင်း စားတာပြောတာ )
ဒီလိုနဲ့ အိမ်ကတောင်းသုံးတာ များနေလို့ ချွေတာသုံးရင်း ပိုက်ဆံပြတ်ဖူးတယ်ဗျ
သူငယ်ချင်းနှစ်ယောက် ထမင်းကို ၆ ရက်လောက် မစားပဲ နေခဲ့ဖူးတယ်..
ကာတွန်း ၊ video တွေထဲမှာသာ စားစရာမရှိ ရေသောက် မှောက်အိပ်ဆိုတာကို
ရီခဲ့ဖူးတာ .. ကိုယ်တွေ့ကြုံမှပဲ ရီဖို့နေနေသာ ဆာတိုင်း ရေသောက်ဖို့ပဲ စဉ်းစားနေမိတော့တယ်..
နောက်ပိုင်း ဆိုင်ကယ် အလုပ်လေးလုပ်တော့ ပြန်သာယာလာတယ်ဆိုပါတော့
ဒါပေမယ့် အစားအသောက်ကို သိပ်မမက်တော့ဘူး ..ပိုက်ဆံရှိလည်း ထမင်းလေးတစ်ခဲ
မျိုကျသွားရင်ကို တင်းတိမ်သွားတယ်.. လျှောက်သွားရင်းတွေ့တဲ့နေရာ အဆာပြေရုံလောက်
လေး တစ်ခုခု စားရရင်ကို ဗိုက်က လက်သင့်ခံသွားပြီ ..အဲလိုနဲ့နေလာခဲ့တာ အခုလက်ရှိ
ထိဆို ၆ နှစ်ခွဲလောက်ရှိသွားပြီ .. အခုတစ်ယောက်ထဲနေတော့လည်း ထမင်း နှစ်နပ်တော့
ပုံမှန်စားတယ် ..ဟင်းက ဘာဟင်းပဲဖြစ်ဖြစ် စားတတ်နေပြီ ..
အော် .. ဒါနဲ့ တစ်ဆက်တည်း ပြောရဦးမယ် ..( ချစ်သူကတော့ ပျော်နေမှာပဲ ..
အစားအသောက် ဂျီးမများ ၊ စားတာနည်းတော့ အကုန်အကျသက်သာတယ်ဆိုပြီး ) ဟိဟိ
ကြွားတာ .. အခုဆို ပိုဆိုးတယ် .. ကွန်ပျူတာရှေ့ထိုင်ရင် ထမင်းစားဖို့ မေ့မေ့သွားတယ်..
(အိမ်လည်ခေါ် ထမင်းကျွေးရင် သူငယ်ချင်းတို့ အဆင်ပြေမှာပါ)..လှည့်ပတ်စားချင်လို့ပါ
အကုန်အကျသက်သာအောင်လို့ ..ဟဟ ထမင်းတော့ ပိုချက်ထား..
အသက်တစ်နှစ်ကြီးလေ ပိုသိလာလေပဲ .. ဘယ်လောက်စားစား အာဟာရဖြစ်ချင်မှဖြစ်တာ
အခုဆို ဘယ်နေရာ ဘယ်လိုအခြေနေမှာပဲ ဖြစ်ဖြစ် တော်တော်နဲ့ မစားပဲနဲ့လည်း နေနိုင်နေပြီ
တစ်ခါတစ်ခါ ထမင်းစားဖို့တောင် သတိထားနေရတယ် ..
ဘာကိုပဲစားစား အဆာပြေရုံလောက်လေးဆိုရင် ကျေနပ်နေပါပြီ
မိဘနဲ့ အဝေးမှာနေရတာ မနေချင်ပေမယ့် အစားအသောက် ဂျီးမများတတ်တော့တဲ့
ကိုယ့်စိတ်ကိုယ်တော့ အမွှန်းတင်နေမိပြီ ..
ကဗျာတိုလေးနဲ့လည်း ဖြေပေးလိုက်တယ်..
ရှိတာလေးနဲ့ ဖြစ်သလိုစား
အချစ်စစ်လို မရှားတဲ့
စပါးအဖူးမှ ဆန်ဖြစ်ခြင်းကို
ထမင်းချက်ကာ ဟင်းတစ်မယ်နှင့်
ငါ၏သွား ညက်ဖို့ဝါးပြီး
အာခံတွင်းမှာ လျှာစစ်မခင်းလို့
တစ်နေ့နှစ်နပ် ပုံမှန်စားပြီး
အာဟာရနှုန်း ခန္ဓာရုန်းအား
ရသင့်သလောက် ရှိသည်ပင်
တင်းတိမ်နိုင်တဲ့ င့ါစိတ်တွေက
ဘယ်အချိန်အခါ ဘယ်နေရာမဆို
ကြုံသလိုစား ကုန်လို့သွားတဲ့
သေချာခြင်းနှင့် ကျေနပ်နေပြီ..
သို့ပေမယ့်လည်း ..
တစ်ခါတစ်ရံ တမ်းတမိတယ်..
မေမေချက်သော ထမင်းနှင့်ဟင်းမှ
လက်ဆုံ စားပွဲဝိုင်းလေးဆီကို ..
ဘာမှ သိပ်မရေးတတ်တော့ ဒီလောက်လေးပဲ ရေးလိုက်တယ် သူငယ်ချင်းတို့
ကျွန်တော့်ကို tag ထားသော ညီမ megumi ၊ ညီမလေး ကင်း ( ချင်းမလေး )
တို့ ဒီလောက်နဲ့ပဲ ကျေနပ်နိုင်ပါစေနော် ..
0 comments:
Post a Comment