ကိုရင်ညိန်း >> Tag ဆိုပါလား

Tuesday, December 2, 2008

မီးငယ် ဆိုတဲ့ အငြိမ့်မင်းသမီးဟောင်း (ဂျာမဏီပြန်ြမခြေကျင်း မီးငယ် ) ဘလောဂ္ဂါ မမ က မကြီး မငယ်နဲ့ ကိုရင်ညိန်းကို Tag လုပ်ပါတယ်တဲ့ ။ ဒါနဲ့ပဲ သူပြောတဲ့ အတိုင်းလေး လိုက်ရေးပေး လိုက် တယ် ဗျာ ။ အဟေးဟေး

ရေးပေးပါ... (ရေပေးပါဟု မဖတ်ရ)


ကိုယ့်ရဲ့နာမည်… အိမ်နာမည် ၊ ကျောင်းနာမည် ၊ ၊ ဘလော့ဂ်ရေးတဲ့ နာမည် ၊ အများကြီးပဲ
ကိုယ့်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်… ဟေ့ကောင် ၊ သားကြီး
ကိုယ်ဒီမှာနေတယ်….
လောလောဆယ် ထိုင်ခုံပေါ်မှာ

ကိုယ့်ဆီဖုန်းဆက်ချင်ရင်… လူကြီးမင်းခေါ်ဆိုချင်သောဖုန်းမှာ လျောက်လွှာတင်ထားဆဲဖြစ်ပါသည် ။

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက……..


အရောင်ဆိုရင်…. အနက် ( ဒါမှလူတွေမမြင်မှာ)
အ၀တ်အစားဆိုရင်… ကျွတ်မကျရင်ပြီးရော
အစားအစာဆိုရင်.. အဆိပ်ကလွဲရင် အားလုံးနီးပါးကြိုက်တယ် (အလကားရရင်ပိုကြိုက်တယ်) ပစ္စည်းဆိုရင်.. ဘီရိုထဲထည့်ထားတယ် ( ပျောက်မှာစိုးလို့ )
သီချင်းဆိုရင်… ပါးစပ်နဲ့
စာရေးစာဆရာ.. ကျား (စာရေးဆရာမဆို ..မ ပေါ့ )
စာအုပ်… Book
Life style ဆိုတာ …. မဂ္ဂဇင်းပေါ့
အလိုချင်ဆုံးလက်ဆောင်… ဘီလ်ဂိတ်ပိုင်တာအားလုံး
ကိုယ့်ရဲ့ အချစ်ဆုံးသူက… ကိုယ်ပဲ
ကိုယ့်ရဲ့ အလေးစားဆုံးသူက… များလို့ မမှတ်မိဘူး
ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက… မျက်နှာမလိုက်တတ်ဘူး အားလုံးအတူတူပဲ ( ပိုက်ဆံချေးပြီး ပန်မတောင်းရင် တော့ပိုခင်မယ် ။ အဟေးဟေး )
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက... စာရှင်းပြတဲ့ဆရာ
ကိုယ့်ရဲ့ အမုန်းဆုံးသူက …. ကိုယ်ပဲ ( မှန်ထဲပြန်ကြည့်မိရင်ပေါ့ )

ရင်အခုန်ဆုံးအချိန်… PT ပြေးတဲ့အချိန်
အကြောက်ဆုံးအချိန်… ကင်ထယ်ဟီး ရည်းစားစကားလာပြောမယ့်အချိန် ( မျက်နှာမထားတတ်လို့)
အပျော်ဆုံးအချိန်… ရေထဲ နွားနို့တစ်စက်ချလိုက်ရင်ကော
အတည်ပြောမယ်… မရယ်ပါနဲ့ ( အတည်ပြောရင် )
အမှတ်တရနေ့... နေ့တိုင်းပဲ ( တစ်ရက်နဲ့တစ်ရက် ရက်စွဲမတူလို့)
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမယ့်ဆု... အစမ်းတစ်ခု အရင်တောင်းပြီးမှပြောမယ်
အချစ်ဆိုတာ… ကမ္ဘာပေါ်မှာ အဓိ
ၸါယ္ဖြင့္ဆိုခ်က္အမ်ားဆံုး ေ၀ါဟာရ တစ္ခု
အမုန်းဆိုတာ... ဘယ်သူ့အိမ်နာမည်ပါလိမ့် ?
အလွမ်းဆိုတာ... လမ်းထိပ်က လ္ဘက်ရည်ဆိုင်
သံယောဇဉ်ဆိုတာ... ငှက်ပြောအူဟင်းတဲ့
ဘ၀ဆိုတာ… ဘကုန်းနဲ့ ဝ
ကိုယ့်ဘ၀ကိုအလှပဆုံးရေးဆွဲနိုင်ဖို့ကြိုးစားကြရတယ်... သြော်.. ဂလိုလား ?
သူငယ်ချင်းဆိုတာ… အင်္ဂလိပ်လို Friend
ချစ်သူဆိုတာ… ချူသစ်ရဲ့ပြောင်းပြန်
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်… မှန်မကြည့်ဖြစ်ရင်တော့ တော်တော်ချောတယ်လို့
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က… လက်မှာဆွဲတာကလောလောဆယ် ကျောင်းလွယ်အိတ်
အပြောချင်ဆုံးစကားတစ်ခွန်း... အဟေးဟေး

0 comments: