မယ်မဒီ >> အမုန်းများနှင့် Tag

Friday, December 5, 2008

ထူးထူးခြားခြား ကျမကို Tag တင်ထားတယ်ဆို့ ကျမ အလွန်ကို အံ့သြမိပါတယ်။ တစ်ခါမှလည်း မရေးဖူးပေမယ့် သူပြောလိုက်မှဘဲ ကိုယ့် အမုန်းဆုံးဆယ်ချက်ကို ပြန်တွေးလိုက်မိတယ်။ ကိုယ့်ကိုကိုယ် ဘာတွေ မုန်းသလည်း လို့ ခုမှ တစ်ခုချင်း ကျမပြန် တွေးမိဖြစ်တော့ယယ်။ တွေးရင် တွေးရင် ကျမ ကိုယ် ကျမ သဘော မကျတာတွေ မရေမတွက်နိုင်အောင် များပြားနေမှန်း မထင်ရက်စရာ သိလိုက်ရပါတယ်။ လူဆိုတာ ကိုယ့်ကိုကိုယ် ချစ်တယ်လို ထင်မိကြတယ်။ ဘယ်လောက်ဆိုးတဲ့ ရုပ်ဘဲဖြစ်ဖြစ် မှန်ရှေ့က ခွာချင်ကြတာ မဟုတ်ပါဘူး။ ဒီချစ်လွန်းတဲ့ စိတ်ကဘဲ ကိုယ်အလိုမကျတဲ့ အခါ မိမိကိုယ်ကိုမိမိ ပြန်မုန်းတတ်ကြတာ တစ်ကယ်တော့ အမှန်တရားတစ်ခုပါ ........


ကျမ အမုန်းဆုံးတွေကို ချပြရမယ်ဆိုရင် ကျမကို ရှင်းနီးတဲ့လူတွေကတော့ သိပြီးသားဖြစ်လောက်ပါတယ်။ ကျမလည်း သိတယ် ဒါပေမယ့် ပြင်လိုမရတဲ့ အကျင့်ဆိုးတွေက ကျမဆိုတဲ့ ကျမတစ်ယောက် အသွင်ကို ဆောင်းနေသလားလို ထင်မိစရာပါ။ တကယ်တော့ ကျမဒါတွေကို တကယ် မုန်းပါတယ်။

(၁) ကိုယ်ရှေ့အမြင်မတော်တာကို တွေ့ရက်နဲ့မျိုသိပ်နေရရင်၊ ကိုယ်မှန်နေပါရဲသားနဲ့ ကိုယ်မှန်ကြောင်းကို မပြောရရင် ၊ အမှန်တ ရားကို အကြောင်းတစ်ချို့ကြောင့် မျိုသိပ်ထားမိတဲ့ အချိန်တွေမှာ ကျမလုပ်ရပ်ကို ကျမ အမုန်းဆုံးပါပဲ .. .. ..

(၂)ကိုယ်မှန်တယ်ထင်ပြီး ယုံကြည်လိုအလုပ်တစ်ခုကို လုပ်တယ်။ သူများဝေဖန်တဲ့အချိန်မှာ တစ်ချက်လောက် တွေဝေသွား တတ်တဲ့ ကျမ စိတ်ကို ကျမမုန်းပါတယ်......

(၃)ကိုယ်ထင်ရာကို တစ်ခါတစ်ခါ စွတ်လုပ်တယ်။ အထက်လူကြီးကို အချောပေးရကောင်းမှန်း အလိုက်မသိတတ်တာကို လည်း မုန်းတယ်.. .. ..

(၄)ကိုယ့်ရင်ထဲက မပါဘဲ အလုပ်တစ်ခုလုပ်ရမှာကို ကျမကိုယ် ကျမအဆုံးစီရင်ခံရတာထက် ကြောက်၇ွံ့တတ်တဲ့ ကျမစိတ်ကို ကျမမုန်းပါတယ်.. .. ..

(၅)ကိုယ်နဲ့သဘောထားနှင့် မတိုက်ဆိုင်တဲ့လူတွေကို တည့်အောင်းမပေါင်းတတ်တဲ့ စရိုက်ဆိုး အကျင့်ဆိုးကိုလည်း မုန်းပါတယ်.. .. ..

(၆)ဟန်ဆောင်နေတာကိုတွေရင် ဒေါသဖြစ်တတ်တဲ့ ကိုယ့်ဒေါသကိုလည်း မုန်းပါတယ်.. .. ..

(ရ)လျှာကိုအလိုလိုက်လွယ်တဲ့ ကျမစိတ၊် အစားသောက်ပေါ်မှာ ခုံမင်းတတ်တဲ့ စိတ်ကိုလည်း မုန်းပါတယ်.. .. ..

(၈)တွေးပူတတ်တဲ့စိတ်၊ အလွယ်တကူ မေ့လွယ်တတ်တဲ့စိတ်၊ တွယ်ကပ်တတ်တဲ့စိတ် အားလုံးကိုလည်း မုန်းပါတယ်.. .. ..

(၉)အလွန်အပျင်းကြီးတတ်တာကိုလည်း မုန်းပါတယ်.. .. ..

(၁၀)စိတ်အလိုလိုက်လွန်းအားကြီးတာကိုလည်း မုန်းပါတယ် .. .. ..

မုန်းခြင်းတွေကို လိုက်စုနေတဲ့ ကို၇န်နောင်တစ်ယောက် တော့ စိတ်တွေ မလည်လောက်ဘူးလို တော့ ထင်မိပါရဲ့


မယ်မဒီ

0 comments: