ပန်းခင်းလေး >> Ten Things I Hate About Myself

Thursday, December 4, 2008

ပိကျိ နဲ့  ကိုငြိမ်သက် က တတ်ဂ်လို့ ရေးရတော့ မှာပေါ့  ။ လူစုံတုန်း ရှင်းပြတယ်ဆိုတာ

ဒါမျိုးကိုပြောတာနေမှာ ..... :P

၁။ အိမ်မှာဆို မိဘတွေကို ဂျီကျပြီး အနိုင်ယူတတ်တဲ့ အကျင့် 

၂။ အငယ်တွေရှေ့ ဆိုရင် ရုပ်တည်နဲ့ မုန့် တီစားတတ်တဲ့ အကျင့်

၃။ ပိတ်ရက်ဆိုရင် ဖေဖေနဲ့ တီဗွီလုတတ်တဲ့ အကျင့် 

၎။ စားချင်တဲ့ ဟင်းတွေကို ပိတ်ရက်မှာ အတင်းချက်ခိုင်းတတ်တဲ့ အကျင့်

၅။ မှန်တယ်ထင်ရင် ဘာမှမသိတော့ ဘဲ ထင်ရာဆိုင်းတတ်တဲ့ အကျင့်

၆။ လူတွေကို ခင်တတ်ပေမဲ့ လူရှုပ်တဲ့ နေရာတွေကို မသွားတတ်တဲ့ အကျင့်

၇။ တစ်ခါတစ်ရံ ဘာကိုမှန်းမသိ လွမ်းနေတတ်တဲ့ အကျင့်

၈။ စိတ်မာတယ်လို့ ကိုယ့်ကိုယ်ကို ထင်မှတ်ထားပေမဲ့ တစ်ခါတစ်ရံ ပျော့ ညံ့သွားတတ်တဲ့ အကျင့်

၉။ အချစ်ကို မကောင်းဘူးလို့ တစ်ယူသန်သတ်မှတ်ပြီး အချစ်နဲ့ ခပ်ဝေးဝေးမှာနေတတ်တဲ့ အကျင့်

၁၀။ သူတစ်ပါးကို အားနာတတ်တဲ့ အကျင့် 

ဒီအကျင့်လေးတွေပဲ ချမ်းသာတာပါ ။ မကောင်းမှန်းသိရက်နဲ့ လည်း အခုထိမလွှင့်ပစ်နိုင်သေးဘူး

မကောင်းမှန်းသိလေ မက်မောလေဆိုတာ ဒါမျိုးနေမှာနော် ။ ကဲ ပိကျိနဲ့  ကိုငြိမ်သက်ရေ ကျေနပ်တော့ နော်။

0 comments: