နှစ်တစ်နှစ်ရဲ့ နောက်ဆုံးည

Saturday, January 10, 2009

မက်မက် လေးရဲ့တက်ဂ်ပါ။
ဒီဇင်ဘာ ၃၁ ရက်နေ့ရောက်ပြီပဲ... မနက်ခင်းလေကို တစ်ဝကြီးရှုပစ်လိုက်တယ် ဒီညအတွက် စိတ်ကူးတွေယဉ်ရင်းပေါ့.. မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်ပြီးတော့ အဒေါ်နဲ့ဈေးသွားမယ်.. ဒီနေ့အဒေါ်က ခေါက်ဆွဲသုပ်စားကြမယ်တဲ့.. ဈေးကနေအိမ်ပြန်ရောက်တော့ ပစ္စည်းတွေသိမ်းတယ်.. ပြီးတော့ အဒေါ်နဲ့ ကော်ဖီတူတူဖျော်ရင်း အိမ်ကလူတွေနိုးတာစောင့်နေလိုက်တယ်.. အဖိုးကတော့ ၁၁နာရီလောက်မှ နိုးတတ်တယ်.. အဖိုးသောက်နေကျ ရေနွေးခရားထဲကို ရေနွေးလဲပေးထားလိုက်တယ်.. ပြီးတော့ မီးဖိုချောင်ထဲ
ဝင်ပြီးတော့ ခေါက်ဆွဲသုပ်ဖို့ အဒေါ်ကိုဝိုင်းကူတယ်.. အဲအချိန်မှာ အမေကထမင်းအိုးတည်နေတာပေါ့..
အငယ်လေးတွေလည်း နိုးလာပြီ.. သူတို့ဖို့ နို့မှုန့်ဖျော်ပေးပြီး အဖေရေချိုးပြီးသွားပြီဆိုတော့ ရေလဲပုဆိုးကို အပြေးလေးသွားပေးလိုက်တယ်.. ထမင်းဟင်းတွေကျက်တော့ ဘုရားဆွမ်းတော်ကပ်တယ်.. အိမ်အောက်ထပ် ဆင်းလာတော့ အဖေကကြက်ကျွေးဆန်ယူလာလို့ ပြောတာနဲ့ အဖေ့ဖို့သွားယူပေးရပြန်တယ်.. တစ်နေ့လုံးကို လက်မလည်ပါဘူး.. ဒါပေမယ့် ထူးဆန်းတယ်.. အဲလောက်အလုပ်တွေ လုပ်နေရတာတောင် မမောဘူး.. နှစ်သစ်ရနံ့တွေက လူကိုကြည်နူးစေလို့ထင်ပါတယ်.. တစ်နေ့တာ ကုန်ဆုံးတာ နှေးနေတယ်လို့ထင်ရတယ်.. ဒါပေမယ့် ညရောက်လာပါပြီ.. အိမ်ကလူတွေတော့မသိဘူး.. ပုလဲကတော့ အပြုံးပန်းပန်ထားတယ်... နှစ်သစ်ကူးတော့မှာပဲ.. အိမ်ရှေ့မီးဖွင့်ပြီး ကော်ဖီတစ်ခွက်နဲ့ ခုံလေးမှာထိုင်နေလိုက်တယ်..မီးရှုးတွေကကြည့်လို့ကောင်းနေလိုက်တာ အရောင်စုံပဲ.. ရပ်ကွက်ထဲက ကလေးတွေရဲ့အသံကြောင့် နဂိုတိတ်ဆိတ်နေတဲ့ ညမှောင်တစ်ခုက ဆူညံ့သွားပြီး ပျော်ရွှင်ဖို့ကောင်းခဲ့တယ်.. ၁၂နာရီထိုးတော့မယ် စိတ်ထဲကနေ ၅.. ၄.. ၃.. ၂.. ၁... လို့ရေတွက်ရင်း နှစ်တစ်နှစ်ရဲ့ နောက်ဆုံးညက ကုန်ဆုံးသွားခဲ့တယ်.. လက်ထဲက ကောက်ဖီလည်း ကုန်သွားပြီ.. အိမ်ထဲဝင်ပြီး အမေကအိပ်ဖို့ပြောတာနဲ့ ဘုရားရှိခိုး၊ အဖိုးကိုကန်တော့၊ အဖေနဲ့အမေကို ကန်တော့ပြီး အိပ်ယာဝင်ခဲ့လိုက်တယ်...။

ဟဲဟဲ .. ဟီးးး အပေါ်မှာ ရေးထားတာတွေက ပုလဲစိတ်ကူးယဉ်ပြီးရေးထားတာတွေပါ.. ဒါပေမယ့် ရန်ကုန်မှာနေခဲ့ရင် နှစ်တစ်နှစ်ရဲ့နောက်ဆုံးညကို ပုလဲအဲလိုဖြတ်သန်းမယ် ဆိုတာယုံကြည်တယ်.. လက်ရှိနေတဲ့ နေရာမှာ ပုလဲအထူးအထွေ ဘာမှမလုပ်ခဲ့လို့ ဘာမှမလုပ်ခဲ့ပါဘူးလို့လဲ မရေးချင်ဘူးလေ.. ထို့ကြောင့် ရန်ကုန်ကအဖိုး၊ အဒေါ်၊ ဦးလေး၊ ညီမလေးကို သတိရစွာနဲ့ရေးလိုက်တာပါ..လက်ရှိနေတဲ့နေရာမှာကတော့ အိမ်နဲ့မနီးမဝေးမှာ မီးရှုးတွေဖောက်ကြတယ်.. ဓါတ်ပုံရိုက်ဖို့စဉ်းစားသေးတယ် ဒါပေမယ့် သစ်ပင်တွေနဲ့ကွယ်နေတာနဲ့ မရိုက်ဖြစ်တော့ဘူး.. ထူးထူးခြားခြားကိစ္စလေးကတော့ မမ၀ါဆီမှာ ဆလိုက်ရှိုးလေးသွားကြည့်တယ် မောင်နှမတွေကိုမြင်ဖူးချင်တာနဲ့အတော်ပဲ.. မမ၀ါ ကိုကျေးဇူးတင်လိုက်တာ :) .. နောက်ပြီးတော့ အွန်လိုင်းကအစ်ကို အစ်မတွေကို Happy New Year လို့နှုတ်ဆက်တယ်.. မလေးမှာသိတဲ့အစ်မကိုတော့ ဖုန်းနဲ့မက်ဆေ့ခ်ျပို့လိုက်တယ် ... စိတ်ကူးယဉ်တဲ့ထဲမှာပါသလိုမျိုးပဲ အဖေနဲ့အမေကို ကန်တော့ပြီးအိပ်ယာဝင်ခဲ့ပါတယ်.. ပျင်းဖို့တော့ကောင်းတယ်.. မနှစ်တုန်းက အစ်မတွေရှိနေတော့ မီးရှုးဖောက်တာ အတူတူသွားကြည့်ဖြစ်သေးတယ်.. မနှစ်ကနှစ်သစ်ကူးညမှမိုးတွေရွာတယ် ပုလဲတို့ဆို မိုးခိုလိုက်၊ မီးရှုးတွေသွားပြန်ကြည့်လိုက်နဲ့ ၁၂နာရီတောင် ကျော်သွားသေးတယ် အပြန်မှာ မုန့်သွားစားလို့လေ.. :) ဒီနှစ်ကတော့ မထူးဘူး.. ရိုးရိုးလေးပဲဖြတ်သန်းခဲ့တယ် ဒါပေမယ့် နှစ်ကူးပြီးနောက်တစ်နေ့ - ၁ရက်နေ့မှာတော့ ပုလဲတို့မိသားစု ခရီးထွက်ခဲ့တယ်.. အမှတ်တရတွေပါပဲ ပျင်းဖို့ကောင်းပေမယ့် ပျော်တယ် .. ဟီးးး :)

မက်မက်လေးရေ တီပယဲရေးလိုက်ပြီနောက် အပေါ်ကစိတ်ကူးနဲ့ဆိုပေမယ့် ရန်ကုန်မှာသာရှိနေရင် အဲလိုဖြတ်သန်းဖြစ်မှာ သေချာပါတယ်.. အတည်လို့ပဲမှတ်လိုက်ပေါ့နော်.. ပို့စ်တစ်ခုဖြစ်အောင်တော့ ရေးလိုက်ပါတယ်.. အမှန်ဆို နှစ်တစ်နှစ်ရဲ့နောက်ဆုံးညမှာ ဘာလုပ်ခဲ့လဲမေးရင် ဘာမှမလုပ်ခဲ့ပါဘူးလေ...
မက်မက်လေး ကျေနပ်ပါတယ်ဟုတ် :) ဖတ်ပေးသူမောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ် .. တက်ဂ်တဲ့မက်မက်ကိုလည်း ကျေးဇူးတင်ပါတယ် ..
အားလုံးပဲပျော်ရွှကျန်းမာကြပါစေရှင်...။
( သွယ်-LONE )

1 comments:

Luis Portugal said...

Hello
It has a nice blog.
Sorry not write more, but my English is bad writing.
A hug from my country, Portugal

Salut
Vous avez un bon blog.
Désolé de ne pas écrire plus, mais mon français écrit est mauvais.
Un câlin de mon pays, le Portugal