တစ်ချိန်တုန်းကတော့ဒုက္ခ အခုတော့ဟာသ

Tuesday, March 3, 2009

မီးလေးမြစ်ကမ်းနဘေးကိုသွားတုန်းကရိုက်ထားတာပါ မျက်နာမြင်ရင်လန့်သွားမှာဆိုးလို့
ဟို့ဘက်လှည့်ထားပေးလိုက်တယ်ဟိဟိ

ကိုယ့်အကြောင်းကိုယ်ပွားရဦးတော့မှာပေါ့..ဟိဟိ
မီးလေးငယ်ငယ်က အမေကြီး(အဖေ့ရဲ့အမေ)တို့ရွာကိုခဏခဏသွားရတာသဘောကျတယ် ပျော်တယ်ပေါ့
ရွာကလဲမီးလေးတို့ဘားအံမြို့ကပါပဲ အမှတ်(၂)ရပ်ကွက် ဆယ်အိမ်စုကျေးရွာနားမှာပေါ့။
သံလွင်မြစ်ကမ်းနဘေးမှာကိုင်းစိုက်ကြတယ် ကိုင်းခြံတွေအများကြီးနဲ့ဆိုတော့ ခရမ်းချဉ်သီး
ရာသီဆိုရင်လဲကိုင်းတောကြီးက ခရမ်းချဉ်သီးတွေဖွေးနေတာပဲ..။
နေကြာစိုက်တဲ့အချိန်ဆိုရင်နေကြာပွင့်တွေကလှမှလှပဲ...... အဖေကလဲစားလို့ရတဲ့အချိန်ကျမှမီးလေးကိုလိုက်ပို့ပေးတယ် ရောက်တာနဲ့ခူးပြီးစားရုံပဲပေါ့
တောမှာနေတာတစ်ခုကအဲ့ဒါတွေကောင်းတယ်..ဟိဟိ ကြည့်လိုက်တာနဲ့စိုက်ခင်းကအကျယ်ကြီးပဲ
အဲ့လိုမျိုးများတော့မီးလေးကသဘောကျတယ် ပြောင်းဖူးစိုက်ချိန်ဆိုရင် လဲပြောင်းဖူးတွေချိုးပြီးဖုတ်စား
ကြ ပြောရင်းနဲ့သတိတောင်ရလာပြီး ဒါပေမယ့် အဖေကြီး(အဖေ့ရဲ့အဖေ)ဆုံးပြီးနောက်ပိုင်း မရောက်ဖြစ်တော့တာ မီးလေဒီဘန်ကောက်ရောက်တဲ့အချိန်ထိပဲပေါ့ (၁၂)နှစ်လောက်ရှိပြီး။
မီးလေးကအပင်တတ်တာဝါသနာပါတယ် မာလကာပင်ပေါ်လဲတတ်တာပဲ သရက်ပင်ပေါ်လဲတတ်တာပဲ မီးလေးတို့ခြံမှာသရက်ပင်လဲရှိတယ် (အရင်က) အပင်ကမြင့်တော့မတတ်ရဲဘူး...။
ကိုင်းထဲရောက်ရင်သရက်ပင်မှာသရက်သီးတွေကလဲ ထိုင်ပြီးတော့တောင်ခူးစားလို့ရတယ်.နိမ့်နိမ့်လေးပဲ.. အများကြီးပဲ..ဆီးသီးတွေဆိုလဲမပြောနေနဲ့တော့များလိုက်တာလေ
လက်ကလေးတွေကသေးသေးလေးတွေရယ် လိုချင်တာကအများကြီး အဖေဆိုမီးလေးကိုဆူတယ် အများကြီးဘာလုပ်မှာလဲ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့
အိမ်မှာဆိုကိုယ်ကစားချင်ရင်ဝယ်စားရတာလေးနော် ဒီမှာကအပင်အောက်မှာထိုင်ပြီးအေးဆေးဇိမ်နဲ့
ထိုင်စားရတာ မြင်ယောင်ကြည့်လိုက်ပါဦး.ဟိဟိ
ပြီးတော့မီးလေးကသရဲကြောက်တတ်တယ် ဘယ်တော့မှကိုင်းသွားပြီးညမအိပ်ဘူး တစ်ယောက်ထဲကျန်ခဲ့ရင်..အဖေမပြန်ပဲအိပ်မှမီးလေးလဲအိပ်တယ်...တောဆိုတော့ညဆိုရင် စောစောအိပ်ပြီး
အဲ့ဒါနဲ့...တစ်နေ့ပေါ့ ညဘက်မပြန်ပဲနဲ့ ကိုင်းမှာပဲ အိပ်မယ်ဆိုပြီးတော့ မီးလေးလဲမောင်နှမ၀မ်းကွဲတွေနဲ့
ချောင်း(သံလွင်မြစ်)ထဲမှာရေသွားချိုးကြတာပေါ့ မီးလေးတို့သွားတဲ့အချိန်က နွေရာသီဆိုတော့ ရေကသိပ်မနက်ဘူး မြစ်လယ်မှာလဲသောင်ထွန်းနေတယ်.... ရေချိုးတော့မယ်ဆိုတော့ထမီရင်လျှားတာပေါ့
အိမ်မှာကဘောင်းဘီနဲ့ပဲချိုးတယ် အဲ့တုန်းကလဲ၎-၅တန်းလောက်ပဲရှိဦးမယ် ချောင်းထဲမှာဆိုတော့ သူများတွေလဲရှိတာပေါ့နော် ရှက်တယ်လေ..ဟိဟိ အမကရင်လျှားပေးတယ် မီးလေးကထမီလဲမ၀တ်ဖူးဘူးဆိုတော့ သူလုပ်သမျှပဲခံရတာပေါ့...သူလုပ်ပေးပြီးတာနဲ့ မီးလေးလဲရေထဲဆင်းလိုက်တာပေါ့နော်...ရေထဲမှာထိုင်ချလိုက်တာထမီကဖောင်းပြီးတော့
အပေါ်ကိုတတ်သွားတယ်...သူများတွေဝိုင်းရယ်ကြတော့ရှက်လဲရှက် စိတ်လဲတို ငိုလဲငိုချင် အဲ့ဒါနဲမြန်မြန်လေးထလိုက်တာ..ဟီးးးးးးးးးးထမီကြီးကျွတ်ကျသွားတော့တာပဲ......ဟိဟိ
ကိုယ့်နဲ့ရွယ်တူတွေကလဲအများကြီး...ဘယ်လိုလုပ်ရမလဲပေါ့နော် ညစ်တာလေလက်ကုန်ပဲ
ပြီးတော့ရေထဲမှာရေညှိအစိမ်းအမျှင်လေးတွေကလဲခြေထောက်နဲ့လာထိတယ် အမကိုမေးတယ်...ဘာတွေလဲပေါ့နော် မမြင်ရဘူးဆိုတော့..သူကရေမြွေတွေလားမသိဘူး သတိထားနော်တဲ့ စတာလေလူကကြောက်ပါတယ်ဆိုမှထပ်ခြောက်တော့ အော်ငိုတော့တာပဲအဖေလှမ်းအော်မှ ရေညှိလို့ပြောပြီးဟိုဘက်ကမ်းကိုခေါ်သွားကြတယ်လေ ကိုယ်ကရေလဲမကူးတတ် ရေပဲချိုးတတ်တယ် ဟိဟိ
ရေထဲဆင်းချင်တာမှလက်ကုန်ပဲ ရွပိုးထိုးတယ်လေ..... အမနဲ့မောင်လေးတွေလဲ ရေနက်ထဲကိုဆွဲခေါ်သွားတာခြေဖျားကမထိတော့ အော်ငိုပြန်ရော ကိုယ်ကငိုရင်သူတို့ဆူခံထိမှာလေ
ကိုယ်ကလဲကြောက်တာကိုး...ခဏခဏပဲ မီးလေးေ၇ထဲဆင်းရင်သူတို့ခြောက်တယ် ...။
အဲ့တုန်းကတော့ကြောက်တော့ငိုဖို့ပဲသိတယ် အိမ်ပြန်ရောက်တော့ရယ်ကြရတယ် ပြောပြောပြီးရယ်ပေါ့
ထမီကျွတ်တာကိုရော....ပေါ့...
မီးလေးမှတ်မိသလောက်ကတော့ အဲ့ဒါပဲရှိတယ် တူလေးဂျယ်တတ်ခ်ထားတာ လေးဖြေပေးလိုက်ပါတယ်ရှင့်

0 comments: