အချစ်

Thursday, March 19, 2009

ခဏခဏတော့ စဉ်းစားဖူးတယ်။
ဘာလဲလို့။
အားလုံးနဲ့ တိုက်ကြည့်ပြီး အဖြေတစ်ခုခု ထုတ်ကြည့်ချင်ခဲ့တယ်။
ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။
လူတွေက တစ်ယောက်နဲ့ တစ်ယေက်စိတ်ဓါတ်အခြေခံ သဘာဝချင်းမှ မတူကြတာ။
ပြီးတော့ ရလာတဲ့ ဘဝအခြေအနေ ချင်းကလည်း မတူကြတော့ အချစ်ဆိုတာလို့ ခေါင်းစဉ်တပ်ပြီးပြော ဖို့တော့ခက်မယ်ထင်တယ်။
ဒါပေမယ့်
ကျွန်တော်ရဲ့ အချစ် ဆိုတာကတော့
- သူ စိတ်ညစ်လာတဲ့ အခါတိုင်း အားပေးနိုင်ခွင့် ရချင်တယ်။
- သူ့ ရဲ့ အိပ်မက်တွေကို အားလုံးမဟုတ်ရင်တောင်မှ တစ်ဝက်လောက်ကိုတော့ ဖြည့်ဆည်းပေးနိုင်ချင်တယ်။
- သူ့ ရဲ့ အယုံကြည်ရဆုံး အားအကိုး ရဆုံး သူဟာလည်း ကျွန်တော်ပဲ ဖြစ်ချင်တယ်။
- သူ့ကို နားလည်ပေးနိုင်ဆုံးသူ ဖြစ်ချင်တယ်။
စိတ်ထဲမှာရှိတာတွေပါ။
ဒါပေမယ့် လောလောဆယ် အခြေနေမှာ သူနဲ့အရမ်းဝေးနေပြီး
မပြည့်စုံတဲ့ အခြေနေတွေကြောင့်......................

                  တွေးရင်းနဲ့လွမ်း
                  ဆွေးရက်နဲ့ လှမ်းရခက်လို့
                  ချစ်ကြောင်း ချစ်သူ သိစေချင်ငြား
                  မလှမ်းရက်လို့
                  လွမ်းလျက်နဲ့ပဲနေမယ်....ချို။

ချစ်သူနားဆင်ဖို့

0 comments: