ဒုတိယအကြိမ် ပုံနှပ်ခြင်း(သို့)ဆားချက်ခြင်း

Saturday, April 25, 2009


ဒုတိယအကြိမ် ပုံနှပ်ခြင်း(သို့)ဆားချက်ခြင်း

တူလေးဖိုးဂျယ် တတ်ဂ် ထားတဲ့ ဒုတိယ အကြိမ်ပုံနှိပ်ခြင်း (သို့)ဆားချက်ခြင်းတဲ့
တတ်ဂ်ထားတာတော့ နည်းနည်းကြာနေပြီး ခုမှပဲ ရေးရတော့တယ်
မီးလေးကတော့ ကဗျာပဲရေးတာများတော့ ကဗျာပဲပြန်ပြီး ဆားချက်ရတာပေါ့နော်
ရင်နဲ့ခံစားပြီး ရေးခဲ့မိတဲ့ ခုထိလဲခံစားနေရသေးတဲ့မီးလေးရဲ့ အကြိုက်ဆုံးကဗျာလေးပေါ့

အလွမ်းသင့် နှစ်အဖွင့်

သမာရိုးကျ အလွမ်းကဗျာတွေကို ဆက်ရေး
ထပ်ဝေးနေရဦးမယ့် ..............
နေ့ရက်လေးတွေ အတွက်
မျှော်လင့်ချက်လေးတွေ
ပေးဆပ်ရင်းပေါ့.........၊


မနှစ်က ပြက္ခဒိန်လိုမျိုး
အလွမ်းတွေကို .............
ချောင်ထိုးလိုက်ချင်ပေမယ့်
အပြောချိုချိုလေးတွေကို
နှလုံးသားက..................
မြတ်နိုးတွယ်တာနေလေတော့.......
နှောင်ကြိုး တစ်ခုရဲ့
ဒဏ်ရာတွေနှင့်ဖြတ်ကျော်
မလွန်ဆန် နိုင်သေးဘူး........မောင်၊

မနှစ်ကနေ့ရက်လေးတွေတမ်းတ
ပြောင်းလဲခြင်းတွေ မသေချာတာမို့
နှောင်ဖွဲတတ်သော ပုံရိပ်တစ်ခုကို
မီးလေးစိမ်းလာဖို့ ငေး
နေ့စဉ်ရက်ဆက်.............
မရေရာပေမယ့် အသေအချာ
မျှော်နေမိတတ် ခဲ့ပြီး......မောင်၊

အလွမ်းတွေပြည့်နှက်နေတဲ့
ဒီရင်အစုံနဲ့............
ချစ်သောမောင့်ကိုမျှော်မှန်း
၂၀၀၉ ရဲ့ အလွမ်းခန်း
ဖွင့်စမ်းပါရစေဦး.................မောင်။

ဒီကဗျာလေးပါပဲ တူလေးဂျယ်ရေ ကျေနပ်လိမ့်မယ်ထင်တယ်နော်

ဘယ်သူ့ကိုမှထပ်မတတ်ဂ်တော့ပါဘူး လူလဲကုန်သလောက်ရှိသွားဆိုတော့း)

0 comments: