Dream>> CrazyDreamLover

Saturday, May 23, 2009

ဘာကြောင့် အိပ်မက်ချစ်သူလို့ အမည်မည့် ခဲ့တာလဲ ဆိုတော့ ဒီလိုပါ ဘတ်ဘတ်ရေ။သိချင်တယ် ဆိုရင်တော့ဖြင့် အဟမ်း..အဟမ်း....အဟွတ်..(ချောင်းတောင်ဆိုးတယ်..ဟတ်..ဟတ် :P ) ပြောပြရ မှာပေါ့နော့်။

မက်မက်က ဟိုးအရင်တုန်း ကတည်းက စာအုပ်တွေ ဖတ်တာဝါသနာ ပါတာလေ။ ( လူ့ဘ၀မှာ ဗဟုသုတနဲ့ အသိတရားဆိုတာ ကျောင်းအတန်းပညာ ထဲကရတာ မဟုတ်ဘူးလေ။ အပြင်လောကက ဒီလိုစာအုပ်စာပေ လေ့လာဖတ်ရှုရင်းနဲ့ စာပေယဉ်ကျေးမှုနဲ့ အသိပညာ ယဉ်ကျေးမှုကို ရရှိတာမလား။ ဒါကမက်မက် အမြင်နော်။)ဟိုးငယ်ငယ် လေးထဲက ဟာသစာအုပ်နဲ့ ကာတွန်းစာအုပ်ကအစ အိမ်ထောင်ရေး အချစ်ရေး လူ့မှုရေး စီးပွားရေး ဘာသာရေး စသဖြင့် ဘာစာအုပ်မှ မကျန် ရသစုံ တွေကို အတန်းပညာ ငယ်ငယ်လေးထဲက ဖတ်တာ။ဒါကြောင့် တစ်ခါတစ်ခါ မက်မက်က နဲနဲကြောင်တောင်တောင် ဂေါက်တောက်တောက် ဖြစ်တာနေမှာ...ဟဲ..ဟဲ :P အဲဒါတွေ ထားလိုက်ပါ၊ ပြောရင်းနဲ့ လိုရင်းကို မရောက်တော့ဘူး နော့်.... ဟိဟိ.. :P

မက်မက်က စာအုပ်တွေ ဖတ်တယ်။ အွန်လိုင်းစာအုပ်တော့ သိပ်မဖတ်ဖြစ်ဘူး။ ဘာလို့ဆို ကွန်ပြူတာဖွင့်ပြီ ဆိုတာနဲ့ ချက်တင်မှာ သူငယ်ချင်းတွေ လာနှုတ်ဆက်ရင် ရီပလိုင်း လုပ်နေ ပွားနေတာနဲ့ပဲ စာကိုမဖတ်ဖြစ်ဘူး။ ကိုယ်ကလဲ ကွန်ပြူတာ ဖွင့်ပြီဆိုတာနဲ့ ဂျီတော့ခ်ကို မဖွင့်ရ မနေနိုင် ဘူးလေနော်။ ဟဲ...ဟဲ..ကိုယ်ကလဲ အားနာတာကိုး.....ချက်နေပြီဆိုရင်လည်း ပြောလို့ကို မပြီးနိုင်ဘူးလေ။(အဟား....ဘတ်ဘလဘတ် အမြင်ပဲလေ ....သိချင်ရင် အူးအူးဖွတ်ချိန် ကိုမေးကြည့်....ဟတ်ဟတ်... :P ) ဒီတော့စာမှာ အာရုံမရှိတော့ အွန်လိုင်းက စာအုပ်ကို ဖတ်ဖို့ဝေး ပြီပေါ့နော့်။ဒါတောင် အခု ဘလော့တွေ လိုက်လည်ပြီး စာဖတ်နေရင် ဂျီတော့ကို မအွန်ရဲဘူး....ကိုယ့်စိတ်ကို ကိုယ်သိလို့ ။ ဟားဟ :)

ဒီလိုနဲ့ဗျာ အစက ပြန်ပြောမယ်နော်။ စင်္ကာပူ အိမ်မှာနေတုန်း အိမ်မှာလာနေတဲ့ တစ်ချို့မောင်လေးတွေက ဘလော့ရေးတယ်။ အဲဒီတော့ သူတို့ ဘာတွေရေးတယ် ဆိုတာကို အားပေးရင်းနဲ့ ဘလော့လောကက စာလေးတွေ နဲနဲပါးပါး ဖတ်ဖြစ်ခဲ့ တယ်ပေါ့လေ။ ဒီလိုနဲ့ ဖတ်ရင်းဖတ်ရင်းကနေ ငါလည်း ဘလော့လေး တစ်ခုလောက် လုပ်ရင်ကောင်းမယ်။ နင်တို့တွေကို ကြည့်လိုက်ရင် တစ်နေ့တစ်နေ့ တန်းပလတ်ပြင်လိုက် စာရေးလိုက် လုပ်နေတာ အားကျလာပြီ၊ င့ါကိုလည်း သင်ပေးပေါ့ဆိုပြီး ပြောတာပေါ့။ ပြောသာပြောရတာ မောင်လေးတွေကလည်း သူတို့ဟာနဲ့ သူတို့မအား ကိုယ်ကလဲ အလုပ်တွေများနဲ့ အဲ့အချိန်တုန်းက မသင်ဖြစ်ခဲ့ဘူး။ ပြီးတော့ ကိုယ်ကစာလည်း မရေးတတ် စာရေးဖို့ အတွေးကောင်း မရှိတော့ ပိုဆိုးတာပေါ့။ စိတ်လည်းသိပ် မ၀င်စားတာလဲ ပါမှာပါလေနော်။

ကဲ...အတိုချုံးပြီး ပြောလိုက်တော့မယ်နော် ဘတ်ဘတ် ။ ဒီလိုပါ တစ်နေ့မှာ တစ်စုံတစ်ယောက်က တစ်စုံတစ်ရာကို ပေးလို့ (နှစ်စုံဆို နှစ်ရာလား မသိနော်...ခစ်...ခစ်... :P ) တစ်စုံတစ်ခု လုပ်ချင်စိတ် ပေါက်ရင်း ဘလော့လေး တီထွင်ဖြစ် သွားတယ်ပေါ့လေ။ အမှတ်တရ အဖြစ်လုပ် ဖြစ်တဲ့အနေနဲ့ ဒီဘလော့ကို အသက်သွင်း လိုက်တာပါ။

အဲဒီမှာ နာမည်ပေးတော့လဲ တီတီဒွင်းက သူ့မှာ DREAM CRAZY LOVER နဲ့ CRAZY DREAM LOVER ဆိုပြီး Nick Name နှစ်ခုရှိတဲ့ အနက်က Nick တစ်ခုက ရုတ်တရက် ပျက်စီးသွားတော့ ကျန်ခဲ့တဲ့ CRAZY DREAM LOVER ဆိုတဲ့ Nick ကိုပဲ ယူခဲ့လိုက်တယ်။

အင်း....တီတီဒွင်းအကြောင်း ပြောရမယ်ဆိုရင် တီတီဒွင်းက သိပ်ပြီး စိတ်ကူးယဉ်တတ်တာ။ တစ်ချို့ဟာတွေကို သူ့စိတ်ကူး ထဲကအတိုင်း အပြင်မှာလည်း မဖြစ်ဖြစ်အောင် လုပ်တတ်တယ်။ပြီးတော့ တီဒွင်းက သူ့စိတ်ကူးယဉ် လေးတွေကို အိပ်မက်အဖြစ် ညစဉ်ညတိုင်း အိပ်တဲ့အခါ သယ်သွားလေ့ရှိတယ်။ သူမရဲ့အိပ်မက် တွေဟာ တစ်ခါတစ်ခါမှာ အပြင်လောကမှာ လက်တွေ့ဖြစ် ဖြစ်လာတတ်တယ်။ ဒါကြောင့် တီတီဒွင်းရဲ့ စိတ်ကူးတွေက ပြန်ပြောပြနေတဲ့ စိတ်ကူးယဉ် ပုံပြင်လေးကို မက်မက်က အင်မတန် မြတ်နိုးတယ်။ ချစ်တယ်။ ဒါကြောင့်လဲ တီတီဒွင်း ရဲ့တူမတော် မက်မက်လေးက DREAM ဆိုတဲ့ နာမည်ကို ယူထားရခြင်း မည့်ထားရခြင်း ဖြစ်ပါတယ်။ ဟတ်..ဟတ် :P...

အိပ်မက်တွေကို ချစ်မြတ်နိုးတဲ့ တီတီဒွင်းနဲ့ စိတ်ကူးယဉ် ပုံပြင်တွေကို ကြိုက်တတ်တဲ့ မက်မက်တို့ တူဝရီး နှစ်ယောက်က စိတ်ကူးထဲမှ အိမ်မက်ချစ်သူလေး တွေပါပဲ။ အိပ်မက်ဆိုတာ ကိုယ့်စိတ်ကူးတွေက ကိုယ့်ကိုပြန် ပြောပြနေတဲ့ စိတ်ကူးယဉ် ပုံပြင်တစ်ပုဒ် ဆိုတဲ့စာသား လေးလိုပေါ့နော်။ ထို့ကြောင့် ဤအရာကို DREAM ဟုခေါ်သည်...အဟဲ.... တီတီဒွင်း ပေးခဲ့တဲ့ "Dream Blog မှကြိုဆိုပါတယ်ရှင်"ဆိုတဲ့ Crazy Dream Lover ရဲ့အထ္တုပတ္တိတော့ ဤတွင်ပြီး သွားပါပြီ။ :P

ကဲ..ဘတ်ဘတ်ရေ.... ဒီလောက်နဲ့ ကျေနပ်လိမ့်မယ် ထင်ပါတယ်နော်...အခုလို ခင်မင်မှုနဲ့ တက်ဂ်လို့ ခင်မင်မှုကို ရှေ့တန်းတင်ပြီး ရေးပေးလိုက် ပါတယ်နော်။ (ကဲ...ဘတ်လဘတ် ၀ါးတန်းလုံးရေ ဂျီတော့ခ်မှာ ငိုမနေ နဲ့တော့နော်....မြေမကျကောင်းလို့ ....ဟတ်.... ဟတ်... :P ) တက်ဂ်တဲ့အတွက်လဲ ကျေးဇူးပါ။ အားဝါးတော့ မပေးဘူးနော်...ဟွင့်..... :P

0 comments: