ကျွန်မအနေချင်ဆုံးမြို့ကလေး

Thursday, October 29, 2009

မင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်.
ဒီနေ့တော့ မောင်လေးReenoemann Tagထားတဲ့ ကျွန်မအနေချင်ဆုံးမြို့လေးတစ်မြို့ဆိုတဲ့ Tag post လေးကို အကြွေးဆပ်ဖို့ အလှည့်ရောက်ရှိလာပါတယ်ရှင်... ကျွန်မအလည်သွားရောက်ဖူးခဲ့တဲ့ မြို့လေးတွေဖြစ်တဲ့ ပုဂံ ၊ညောင်ဦး၊ မုံရွာ ၊ မန္တလေး၊မေမြို့၊ချောင်းသာ၊တောင်ကြီး ၊ပင်းတယ ...စတဲ့..စတဲ့..မြို့လေးတွေထဲမှာ ကျွန်မအနေချင်ဆုံးမြို့လေးတစ်မြို့ကတော့ တောင်ကြီးမြို့လေးပဲဖြစ်ပါတယ်...တောင်ကြီးမြို့လေးဟာအေးချမ်းပြီး ၊ ရာသီဥတုအနေနဲ့လည်း သိတ်မပူပြင်းတဲ့အပြင် ကျွန်မကြိုက်နှစ်သက်တဲ့ အစားအစာတွေရှိပြီးတော့ တောင်ကြီးမြို့က တိုက်အဆောက်အဦးပုံလေးတွေကို ကျွန်မသဘောကျမိလို့လည်းဖြစ်ပါတယ်...

ဒီဂျပန်မှာခရီးသွားရင် တချို့နေရာလေးတွေတော်တော်များများမှာ တောင်ပတ်လမ်းလေးတွေသွားရရင်ဖြင့် တောင်ကြီးမြို့လေးနဲ့ တော်တော်လေးဆင်တူလွန်းတာမို့ တောင်ကြီးမြို့လေးနဲ့တူလိုက်တာရယ်လို့ မကြာခဏသတိရမိတတ်ပါတယ်.... ဂျပန်က တချို့တိုက်ပုံစံလေးတွေဟာ တောင်ကြီးကတိုက်ပုံစံလေးတွေနဲ့တူပြီး ဂျပန်နိုင်ငံရဲ့နယ်ဘက်ကလေးတွေကို ခရီးထွက်ဖြစ်ရင်ဖြင့် တကယ့်တောင်ကြီးမြို့ကလေးကိုရောက်သွားသလိုပဲ ခံစားရတတ်ပါတယ်...

လွန်ခဲ့တဲ့ ၂နှစ်လောက်က Gifu ဆိုတဲ့မြို့ကလေးကို ကျွန်မတို့မိသားစုနဲ့အတူ သူငယ်ချင်းမိတ်ဆွေမိသားစု အလည်သွားခဲ့ကြစဉ်က ဂျပန်မိတ်ဆွေဦးလေးကြီးက Gifuတောင်ပေါ်ကို ကားနဲ့ပတ်တက်ပြီးလိုက်ပို့ခဲ့ပြီးတော့ တောင်ပေါ်မှာ အဲဒီဒေသရဲ့နာမည်ကြီးအစားအစာဖြစ်တဲ့ ငါးကင်တွေကို ၀ယ်ကျွေးခဲ့တာမို့ တကယ်ပဲ တောင်ကြီိးမြို့လေးနဲ့တူလိုက်တာရယ်လို့ မှတ်ချက်ချမိပြီး တောင်ကြီးမြို့လေးကို လွမ်းမိတာ အခါခါပါပဲ... တကယ်တော့ တောင်ကြီးမြို့လေးကို ကျွန်မနှစ်သက်မိခဲ့တာက တောင်ကြီးမြို့လေးဟာ ကျွန်မမွေးဖွာရာဇာတိမြေ ကချင်ပြည်နယ်လိုပဲ ရာသီဥတုကအေးချမ်းပြီး ၊ ကျွန်မအလွန်ကြိုက်နှစ်သက်တဲ့ ကချင်ပြည်နယ်ကအစားအသောက်တွေ အကုန်နီးပါး တောင်ကြီးမြို့လေးမှာ စားသောက်နိုင်သလို ကျွန်မသွားဘူးတဲ့မြို့လေးတွေထဲမှာ အလှပဆုံးမြို့လေးတစ်မြို့ဖြစ်လို့ပါပဲ။

မောင်နဲ့ စေ့စပ်ပြီးတော့ လေယာဉ်ပျံကြီးစီးပြီးတောင်ကြီးမြို့လေးကို မောင်နဲ့အတူ အလည်သွားဖြစ်ခဲ့ကြပါတယ်... ရန်ကုန်ကနေ လေယာဉ်စီးရင် ၁နာရီကျော်ကျော်ပဲကြာတာမို့ (ဟုတ်လာမသိဘူး..မေ့ပြီ.၁ နာရီဝန်းကျင်ပဲ)း)သွားရလာရတာ အဆင်ပြေသားပဲလို့ ကောက်ချက်ချမိလိုက်သလို ဟဲဟိုးလေဆိပ်ရောက်တော့ ကျွန်မရဲ့မတော်ရသေးတဲ့ယောက္ခမဖေဖေ ၊မေမေ နဲ့ ယောင်းမတွေကလာကြိုခဲ့ကြတာမို့ ပျော်ရွှင်ခဲ့ရသလို တောင်ပတ်လမ်းလေးတွေကိုကားနဲ့တက်ရတော့ စိတ်ကြည်နူးခဲ့ရပါတယ်...

မောင်ကတောင်ကြီးသားဆိုတော့ တောင်ကြီးရောက်တာနဲ့မောင်နဲ့အတူ ကားတစ်စင်းနဲ့ နေရာအစုံကိုလျှောက်လည်ဖြစ်ခဲ့ကြပါတယ်.. တချို့နေရာတွေကိုတော့ ယောက္ခမဖေဖေက ဒါရိုင်ဘာလုပ်ပြီးလိုက်ပို့ပေးခဲ့ရှာပါတယ်... ယောက္ခမ မတော်ရခင်ကတည်းက ယောက္ခမလောင်းတွေက ကျွန်မအပေါ်မိဘအရင်းတွေလိုပဲ သဘောကောင်းဖော်ရွေခဲ့ကြတာမို့ တောင်ကြီးမြို့လေးကို အလည်တစ်ခေါက်စရောက်ကတည်းကပဲ စိတ်ကျေနပ်ပျော်ရွှင်မှုတွေရရှိခဲ့တာပါ။ အင်းလေးဖောင်တော်ဦးဘုရားကို မောင်နဲ့ကျွန်မသွားတော့ ယောက္ခမဖေဖေက ကားနဲ့လိုက်ပို့ခဲ့ပြီး လှေစီးတော့လည်း လှေပေါ်မှာစုံတွဲပုံလေးတွေကို ဖေဖေက ဓါတ်ပုံရိုက်ပေးခဲ့တာလေးတွေ အခုအထိရှိနေပါသေးတယ်...း)

တောင်ကြီးကို အလည်ရောက်တော့ မှတ်မှတ်ရရ ကျွန်မဆိုးခဲ့တာလေးတွေကိုလည်း သတိရမိနေပါတယ်... မတော်ရသေးတဲ့ မောင့်ရဲ့အဘွားနဲ့ တွေ့တော့ ကျွန်မတက္ကသိုလ်တက်နေတဲ့ အချိန်က ၀ါသနာပါခဲ့တဲ့ ဖဲရိုက်ခြင်းကိုအတူကစားခဲ့ပြီး အဖွဲ့ကျခဲ့ပါသေးတယ်.. :Dနောက်ပြီး တောင်ကြီးရောက်တော့ ရွှေညောင်တပ်ထဲမှာတာဝန်ထမ်းဆောင်နေခဲ့တဲ့ ကျွန်မရဲ့အခင်ဆုံးငယ်သူငယ်ချင်းကို ဖိတ်ခေါ်ပြီး မောင်နဲ့မိတ်ဆက်ပေးခဲ့ပါသေးတယ်... အခင်ဆုံးသူငယ်ချင်းကလည်း အယောင်ယောင်အမှားမှားနဲ့ ထွဏ်းထွဏ်းရဲ့ “ လူကြမ်းကြီးအသဲကွဲတော့ယုံလား ” ဆိုပြီး သီချင်းတပိုင်းတစ်စ ထဆိုသွားတော့ မောင်က အခုအထိ အမှတ်တရနဲ့ စိတ်ဆိုးနေတတ်ခဲ့ပါတယ်...:P :P :D

ပြီးတော့ တောင်ကြီးမြို့လေးမှာ သင်္ကြန်တစ်နှစ်လည်လိုက်ဖူးတာ ပျော်စရာကောင်းခဲ့ပါတယ်ရှင်.. မိသားစုတွေစုပြီး ကားတစ်စင်းနဲ့ တောင်ပေါ်က ဘုန်းကြီးကျောင်းတွေကိုသွားပြီး ဥပုဒ်သီလယူကြတာတွေ ၊ သင်္ကြန်ချိန် အေးအေးချမ်းချမ်းကို မောင်နဲ့အတူဆိုင်ကယ်တစ်စင်းနဲ့ လျှောက်လည်ပြီးပျော်ခဲ့ကြတာလေးတွေကလည်း အမှတ်တရပျော်စရာကောင်းခဲ့ပါတယ်.. မြန်မာပြည်မှာနေစဉ်က တောင်ကြီးကို ခဏခဏရောက်ခဲ့တာမို့ တောင်ကြီးတန်ဆောင်တိုင်ဆိုရင် ချမ်းချမ်းအေးအေးနဲ့ မီးပုံးပျံလေးတွေသွားကြည့်ကြတာ ၊ ပြီးတော့ လေးကောင်ဂျင်တွေဝင်ကစားဖြစ်ခဲ့ကြတာ... တကယ်ပျော်စရာကောင်းခဲ့လို့ အမှတ်တရ မမေ့နိုင်စရာလေးတွေဖြစ်ခဲ့တာပါရှင်။ ကျွန်မကြိုက်တဲ့ ရှမ်းအစားအစာတွေဖြစ်တဲ့ တိုဖူးနွေး၊ ၀က်သားချဉ် ၊ဟင်းထုတ်၊ ငါးထမင်းနယ် ၊တိုဖူးကြော် ၊ ရှမ်ခေါက်ဆွဲ ၊ ခွက်လန်ဖုန်း ၊ စတဲ့ စတဲ့ စားစရာတွေ အကုန် ကျွန်မကကြိုက်လေတော့ တောင်ကြီးမြို့လေးဟာ ကျွန်မအသဲစွဲဖြစ်ခဲ့ရပါတယ်... ပင်းတယလှိုင်ဂူကြီးကိုလည်း မောင်နဲ့အတူလျှောက်လည်ဖြစ်ခဲ့ကြပါတယ်...

ကျွန်မအသက်ကြီးသွားခဲ့ရင်တောင်ကြီးမြို့လေးမှာသွားရောက်အခြေချနေထိုင်ချင်ပါတယ်ရှင်။တောင်ကြီးမြို့သစ်မှာ ကျွန်မယောက္ခမတွေပိုင်တဲ့ တစ်ထပ်တိုက်ပုလေးတစ်လုံးရှိပါတယ်... ယောက္ခမမေမေက သမီးတို့နေရင် အပိုင်ပေးမယ်လို့ပြောထားပါတယ်... မေမေ နဲ့ ဖေဖေ ကတော့ တောင်ကြီးတက္ကသိုလ်နားမှာ တစ်ယောက်ကို စီးပွားရေးတစ်ခုစီနဲ့ ၊ တစ်ယောက်အိမ်တစ်လုံးစီနေကြတဲ့ သိတ်ချစ်ကြတဲ့ အဘိုးကြီး ၊အဖွားကြီး နှစ်ယောက်ဖြစ်ပါတယ်ရှင်.. သားသမီးတွေအားလုံးက ရန်ကုန်မှာနေကြပြီး ဖေဖေ နဲ့မေမေကတော့ တောင်ကြီးကို သံယောဇဉ်ရှိကြလွန်းတော့ တောင်ကြီးမှာပဲ နေနေကြတာပါ။ ကျွန်မဟိုတခါရန်ကုန်ပြန်တော့ ဖေဖေ နဲ့မေမေကရန်ကုန်မှာလာပြီး ပြုစုစောင့်ရှောက်ပေးခဲ့ကြပါတယ်... ကျွန်မရဲ့ ဒုတိယဖေဖေ နဲ့ မေမေဆိုရင်လည်း မမှားပါဘူး။ အဲဒါကြောင့် တောင်ကြီးမြို့လေးကိုချစ်တဲ့ ကျွန်မလည်း အသက်ကြီးလာခဲ့ရင်ဖြင့် ဖေဖေ နဲ့မေမေက အမွေပေးမယ့် တောင်ကြီးမြို့သစ်ကခြံဝင်းလေးနဲ့ တစ်ထပ်တိုက်ပုလေးမှာ မိသားစု ၃ဦးပျော်ရွှင်စွာနေကြပြီး ၂ဖက်မိဘတွေ အသက်ရှင်ကြဦးမယ်ဆိုရင်ဖြင့် အဲဒီခြံဝင်းလေးထဲမှာပဲ နောက်ထပ် တိုက်အိမ်လေးတွေ တစ်ဖက်တစ်လုံးဆောက်ပေးပြီး အနီးကပ်ပြုစုစောင့်ရှောက်ခွင့်ရချင်ပါသေးတယ်....ဖြစ်နိုင်ရင်တော့ မိဘတွေနဲ့ တစ်အိမ်ထဲ အတူတူ မနေချင်ပါဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ မောင်က ကျွန်မကိုအရမ်းချစ်တော့ အားနေရင် မိန်းမနားကပ်ချွဲနေတတ်တဲ့မောင် အနေကျုံ့မှာစိုးလို့ပါ။ ဟတ်ဟတ် ( ရှက်)း)))

အဲဒီတောင်ကြီးမြို့သစ်အိမ်လေးမှာ နှင်းဆီခြံလေးစိုက်မယ်... အပျင်းပြေ ကြက်တောင်ရိုက်ကစားကြဖို့ ကြက်တောင်ကစားကွင်းလေးတစ်ခုလုပ်မယ်..ပြီးတော့ ဘ၀ကို အေးအေးချမ်းချမ်းလေးနဲ့ နေထိုင်သွားပြီး မောင်နဲ့အတူ တရားစခန်းလေးတွေအတူတူဝင်ကြရင်းနဲ့ ငြိမ်းချမ်းတဲ့ ဘ၀လေးတွေကိုပိုင်ဆိုင်ချင်ပါတယ်...

(ဟုတ်လား၊ မဟုတ်လားတော့ မသိတော့ဘူး.. အိပ်ငိုက်ငိုက်နဲ့ အကြွေးပြီးအောင်ဆပ်ချင်လို့ရေးလိုက်တာပါ.. မောင်လေးရီနိုမန်ရေ ဒီလောက်နဲ့ပဲကျေနပ်ပါနော်.အိပ်ငိုက်ငိုက်နဲ့ ဆက်ရေးရင် မဟုတ်တာတွေပေါ်ကုန်တော့မယ်. အဟတ်)း)

ကျန်းမာပျော်ရွှင်ကြပါစေ.

အားလုံးကိုလေးစားခင်မင်လျှက်

WWKM

2 comments:

Anonymous said...

30 CommentsClose this window Jump to comment form
နွေးနေခြည် said...
မမ၀ါ တောင်ကြီးမှာနေရင် လာလည်မယ်။ ကောင်းကောင်းပြူစုပါနော် ဟဲဟဲး)
၁ ထင်တယ်

June 15, 2009 6:23 PM


နေဒေးသစ် said...
အားးးးးးးးးးးးးးးးး ၁ မရတော့ဘူး

June 15, 2009 6:23 PM


ko said...
အမဝါရေ ဘလော့ဂါလူတွေ တော်တော်များများက တောင်ကြီးတို့ မေမြို့တို့မှာပဲနေချင်ကျတယ် အမဝါ တောင်ကြီးမှာနေရင်လာလည်မယ်နော်။ အဆင်ပြေပါစေနော် အမဝါ။


ခင်မင်လျက်

ကိုတိုးလေး

June 15, 2009 6:27 PM


နေဒေးသစ် said...
ကြော်ငြာဝင်တယ်ကွယ် .... ကပ်ချွဲတတ်တဲ့ မောင့်ကိုတွေ့မှ နောက်ကို ကပ်မချွဲအောင် စတီးဖတ်နဲ့ နာနာပွတ်ဦးမယ် ... ဟဟဟ .. မကြီးရေ ..ဖတ်ရတာ ကြည်နူးစရာ ... တောင်ကြီးရောက်ရင် လာလည်ယုံတင် မဟုတ်ဘူး တစ်လကိုးသီတင်းနေမယ် ... :D
နေဒေးသစ်။

June 15, 2009 6:38 PM


မေတ္တာရောင်ပြန် said...
မမ၀ါ ညစ်တာလေးက မေမြို့ မမက တောင်ကြီး မဆိုးဘူး နီးသားပဲ။ လာလည်မယ်နော်။

ခင်မင်လေးစားလျှက်

June 15, 2009 6:57 PM


ဖိုးစိန် said...
တောင်ကြီးမှာ နေတဲ့သူတွေ များတယ်ဝေး
အလုပ်ဖြစ်ပြီး
သယ်ရင်းရီနိုနဲ့ပေါင်းပြီး ဟိုတယ်ဖွင့်ရင်တောင်မှ
မြတ်မယ်
အနာဂတ်အတွက်ပေါ့
တောင်ကြီးမှာ မကြီးချစ်သောမောင်ဆိုတဲ့ ကိုဥာဏ်ကြီးနဲ့ သမီးလေးနဲ့ ပျော်ရွှင်ချမ်းမြေ့စွာနေနိုင်ပါစေလို့...
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

June 15, 2009 7:19 PM


အဆိပ်ခွက် said...
ဟုတ်တယ် တောင်ကြီးမြိုက အရမ်း ကောင်းတယ် ကျနော် မြို့လေး ခုဆိုအရမ်း သတိရ....

ခင်မင်လျှက်
အဆိပ်ခွက်

June 15, 2009 7:43 PM


Phyo Evergreen said...
တီဝါ စိတ်ကူးလေးကလှလိုက်တာ.......။

June 15, 2009 8:59 PM


တောင်ပေါ်သား said...
အဲ့ဒါ ကျနော်တို့နေတဲ့ မြို့ဝေးးးးးးး ဘောလုံးကွင်းကြီးက ကောင်းမှကောင်း အောင်ဆန်းကွင်းလား မှတ်ရတယ် အဟေးးးး ကပ်ကြွားတာ မကြီးရေ တချိန်ချိန်တော့ နေဖြစ်မယ်ထင်တယ် အဲ့ခါကျမှ မကြီးချက်တာတွေ တထိုင်ကြီး လာစားဦးမယ် အဟေးးးးးး


လေးစားလျက်
တောင်ပေါ်သား

June 15, 2009 9:05 PM

Anonymous said...

မိုးစက်အိမ် said...
တောင်ကြီး ကို ကျွန်တော်လဲ ကြိုက်တယ် အမ
တောင်ကြီး နေရင် ပြောအုံးနော် ... လာဒုက္ခ
ပေးရမယ် ဟဲဟဲ

June 15, 2009 9:06 PM


Rita said...
မမ ယောက္ခမလောင်းတွေ အချစ်ခံရတာ ရေးတော့ (အားကျ)။ အဘွားနဲ့ ဖဲရိုက်တာရယ်...သူငယ်ချင်းက လူကြမ်းကြီး သီချင်းဆိုသွားတယ်ဆိုတာကို မမရဲ့ ဦးဉာဏ် စိတ်ဆိုးတာ မြင်ယောင်ပြီး ရီလိုက်ရတာ မမရယ်။
(အဲဒီ သီချင်းက ထွဏ်းထွဏ်း မမရဲ့)

မမက ကံကောင်းလိုက်တာ။

June 15, 2009 9:13 PM


WWKM said...
ညီမလေးရီတာရေ..

ကျေးဇူးတင်ပါတယ် ညီမလေးရေ. ညီမလေးပြောလို့ မမပြင်လိုက်ပါပြီနော်...း)

မမက မသိတော့ဘူးမေ့ပြီ. အဲတုန်းက ဇော်ဝင်းထွဋ်ရဲ့ဆေးဆိုးပန်းရိုက်မျက်နှာ ခေတ်စားတဲ့အချိန်လေ..အဲဒီအထဲက သီချင်းလေးလားလို့ ...း)

သိုင်းကျူးနော်.
မမ၀ါ

June 15, 2009 9:32 PM


ဆုံနိုင်ခွင့်......နေ့ရက်လေး said...
မမရေ
အတော်ဘဲဝေးးးမေလေးရဲ့ ကြည်နူးရိပ်လေးက တောင်ကြီးနားက ရွာလေးတစ်ရွာလေ..ချစ်သူကပြောဖူးတယ် အင်တာနက်သုံးချင်ရင်တော့ တောင်ကြီးသွားသုံးကြတာပေါ့တဲ့ ..တကယ်လို့ မေလေးကချစ်သူနဲ့အတူတူ ဆို မမဆီလာခဲ့မယ်နော် ..မေလေးတစ်ယောက်ထဲဆိုရင်တော့ မမစိတ်ညစ်ရပြီမှတ်..ခဏခဏကိုလာလည်မှာသိလား
မမကိုချစ်တဲ့
မေလေး

June 15, 2009 9:53 PM


Comment deleted
This post has been removed by the author.

June 15, 2009 9:53 PM


ဝသန်မိုး said...
ကြော် ငြာလည်းပါသကိုး
ကြော်ငြာဝင်ပေမယ့်လည်း
ဇာတ်လမ်းလေးလိုပဲ ဆိုတော့
ဖတ်ကောင်းပါတယ်
တောင်ကြီး မှာပဲ
ဆိုတော့ အတော်ပဲ
နီးနီးလေးနဲ့ လာလည်လို့  ရပြီပေါ့
းဝ))
ဝသန်မိုး

June 15, 2009 11:41 PM


reenoemann said...
အမရေ ကျနော် နဲ့ နေ့ချင်ပြန် သွားလို့ရတယ်နော် ။

ကျေးဇူးနော်အမရေ ။
ကျနော်နေသိပ်မကောင်းလို့ ခုမှ လာဖြစ်တာပါ။

မောင်လေးရီနို

June 15, 2009 11:48 PM


khin oo may said...
လာဖတ်သည်။

June 16, 2009 1:13 AM


ကောင်းကင်ပြာ said...
လာလည်မှာနော် ပုန်းမနေရ

June 16, 2009 2:17 AM


နွေးနွေးသဲမွန် said...
ပျော်စရာကြီး..မမ၀ါရေ...လည်လည်လာမှာပဲ...နော်

June 16, 2009 8:56 AM


MANORHARY said...
နေချင်တဲ့မြို့လာဖတ်တာ
ဘာလဲမသိဘူး
ရှက်စရာတွေပါရေးတယ် ဟိဟိ
(ကလေးတွေအားကျနေပါဦးမယ်..:P)
တောင်ကြီးဆိုတာငယ်ငယ်က မမွေးရုံတမယ်ကြီးခဲ့တဲ့
မြို့ကလေးမို့ လွမ်းပါတယ်။ဒုတိယမြိုကလေးကတော့
ပုသိမ်ပေါ့။တကယ်နေရတော့ မွေးရပ် ရန်ကုန်။
ခုကတော့...း(း( အကုန်လုံးနဲ့ဝေးရာနေရာမှာ
း(း(

June 16, 2009 9:14 AM


မိုးခါး said...
ဟိဟိ ရှက် :P
ပျော်ရွှင်ပါစေ မမ၀ါဝါရေး)
စိတ်ကူးလေးတိုင်း ဖြစ်ပါစေနော် ..

June 16, 2009 9:44 AM


P.Ti said...
အတူတူပဲအမရေ... တောင်ကြီးမြို့ကို ကျွန်တော်လည်း ကြိုက်တယ်။ တောင်ကြီးသူကို ရှာယူမှပဲထင်တယ်...အမကို အားကျလို့.. :P

June 16, 2009 11:32 AM


သဉ္ဇာ - Thinzar said...
ရန်ကုန်ကနေ တောင်ကြီးကို လေယာဉ်စီးရင် မိနစ် ၅၀လောက်ဘဲ.. တောင်ကြီးမှာမွေးပြီး တောင်ကြီးမှာ ကြီးတဲ့တာတောင် အစ်မလောက် မြို့လေးကို ချစ်စရာကောင်းအောင် မရေးတတ်ဘူး။ :)

June 16, 2009 5:08 PM


ဆုငယ်. said...
မီးမီးလည်းတောင်ကြီးမြို့လေးမှာနေချင်တာ၊ မမတို့အိမ်ဘေးမှာလာနေမယ် ပီားပိာ၊ ဘလောဂါအချင်းချင်းပေါ့ .း) ပီားပိာ ကားလျှောက်စီးကြမယ်နော် မမ ပြီးတော့ ဓါတ်ပုံလျှောက်ရိုက်မယ် စိတ်ကူးယဉ်လိုက်တာ ခွီးခွီး

June 16, 2009 6:06 PM


Mogok Thar said...
အမေ၀ါ ရေ.. ဆန်ဒ နဲ့ ဘ၀ တစ်ထပ်တည်း ကျပါစေခင်ဗျာ။
ခင်မင်လျက်

June 16, 2009 6:16 PM


daydream said...
မမ မြန်မြန် နေနိုင်ပါစေသတည်း.. :P :P

June 16, 2009 6:37 PM


mgphyulay said...
မမဝါဝါရေ..ပုလုကွေးတို့ ..တောင်ကြီးရောက်ရင်လာလည်မယ်နော်...။ တောင်ပေါ်သား တို့ အိမ်မှာ တစ်ည၊ မမတို့ အိမ်မှာ တစ်ည လာတည်းမယ်ဗျာ....။ ချစ်ချစ်ကတော့ တောင်ကြီး ကို နှစ်သက်မယ်ထင်ပါတယ်။ ကျတော် စလုံးမလာခင်ကတောင် သူမက တောင်ကြီးဖက်ကို သယ်ရင်းတွေစုပီး ခရီးထွက်ဖို့ ပြောတာဗျ။ နောက်တော့ မထွက်ဖြစ်ပဲ ငွေဆောင်ရောက်သွားတယ်...(ဟီး ဟီး ကြွားနေတာ)...

ဦးဥာဏ်က မမဝါဝါကို ဘယ်လောက်ချစ် တယ်ဆိုတာ စင်္ကာပူလာလည်မှပဲ အကဲခတ်တော့မယ်ဗျာ....

ခင်တဲ့
ပုလုကွေး (www.kookgyi.blogspot.com)

June 17, 2009 2:10 PM


ကိုရဲ said...
တီဝါ .... ချာမေးပွဲပြီးတွားပြီ ဘာမုန့်ကျွေးမဲ ။ ပြောဦး ။ တောင်ကြီးမှာဆို နော်နဲ့တူတူပဲ နော်လည်း ကြီးလာရင် တောင်ကြီးမှာပဲ ပြန်အခြေချမယ်လို့ စဉ်းစားထားတာ ဟိဟိ ။ သာယာလှပတဲ့ မော(၀်)ရှမ်းမြေမှ ကြိုဆိုလျှက်ပါ....

(ကိုရဲ)

June 18, 2009 4:12 AM


နိုင်းနိုင်းစနေ said...
တောင်ကြီးမြို့ကနေ အစဉ်အမြဲ ကြိုဆိုနေပါတယ်.. မဝါ

တောင်ကြီးမြို့က လိုအပ်တဲ့အကူအညီရှိရင်လည်း
အချိန်မရွေးကူညီဖို့ အသင့်ပါလို့း)

June 18, 2009 3:19 PM