လူဆိုတာ ချစ်ဖို့ဖြစ်လာတာ

Saturday, November 7, 2009

လူရယ်လို့ စတင်ခဲ့ကတည်းက ငါတို့အချစ်ကိုရခဲ့တယ်...
အူဝဲလို့ စူးစူးလေးအော်သံကိုကြားတော့ မွေးခန်းအပြင်က ဖေဖေကစချစ်တယ်
မျက်လုံးလေးပိတ်ပြီး နီတာရဲလေးဘ၀နဲ့ မေမေ့အနား ဆရာမကချပေးလိုက်တော့ မေမေကချစ်ပြန်တယ်
အချိုးအစားမကျ လိုအပ်တာတွေကို ကြည့်ရှု့ပြီး အတွေ့အကြုံရှိတဲ့ ဘွားဘွားတွေက လက်ကမချချစ်ကြပြန်တယ်
မချီတက်ချီတက်နဲ့ ခလေးငယ်ငယ် ဘယ်နားဘယ်လိုကိုင်ရမယ် မသိပေမဲ့ ဘိုးဘိုးတွေက ချစ်ကြချီကြပြန်တယ်
နာမည်ပေးဖို့ တစ်ယောက်တစ်ခွန်း စကားရည်လုနေတတ်တဲ့ ဦးဦးဒေါ်ဒေါ်တွေကလည်း ချစ်တာပဲ
မပီစကားစဆိုတော့လည်း လူကြီးတွေက ချစ်ကြတာပဲ.... ကျောင်းကဆရာမှ နပ်တွဲလောင်းလေးကို ပြုစုယုယရင်း
အချစ်တွေပေးကြပါတယ်...အရွယ်ရောက်တော့လည်း ချစ်သူက ချစ်တာပဲ.... အပေါင်းအသင်းတွေနဲ့လည်း ရင်းရင်းနှီးနှီးနောက်ကြပြောင်ကြ ချစ်ကြ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့...............ဒီတော့ ငါတို့ကလည်းချစ်တတ်၇မယ်....ငါတို့ပတ်ဝန်းကျင်ကိုလည်းချစ်ရမယ် တိုင်းပြည်ကိုလည်းချစ်ရမယ် ....ငါတို့လူမျိုးတွေကိုလည်းချစ်ရမယ်လေ..... ဘာကြောင့်လဲဆိုတော့ လူဆိုတာ ချစ်ဖို့မွေးလာတာမို့ပါ

1 comments:

Anonymous said...

After completing a six-week online course, find a way to|you'll|you can} arrange your first software. Nevertheless, creating a playing app that provides enjoyable games is the primary goal. By clicking adverts and buying in-game credits, folks can come back to play your games daily, making you money. Although the average deposit in online playing is almost of} 4X that of social gaming, the average gambler represents an bet365 LTV of 2.5X the average social gamer. This signifies that while the average gambler makes larger deposits, the average social participant makes extra funds.