ဘ၀အမောတွေပြေစေနိုင်ဘို့ ၊ စိတ်ဓါတ်ကျနေချိန်မှာ ခွန်အားတွေပေးနိုင်ကြစေဖို့ ၊ အားငယ်နေချိန်မှာ အားပေးနိုင်တဲ့လက်များစွာရှိနိုင်ဘို့ လူတိုင်းလူတိုင်းမှာ သူငယ်ချင်းကောင်း ၊မိတ်ဆွေကောင်းတွေလိုအပ်ကြပါတယ်ရှင်။ကိုယ့်ဘေးနားမှာ သူငယ်ချင်းကောင်းတွေရှိနေခဲ့ပြီဆိုရင် သူငယ်ချင်းကောင်းတွေနဲ့ စိတ်ဝမ်းမကွဲရလေအောင် တန်ဖိုးထားပေါင်းသင်းကြရမယ့်အပြင် နောက်ထပ်သူငယ်ချင်းမိတ်ဆွေ အသစ်တွေပွားများလာရလေအောင် ကိုယ့်ရဲ့ Social network ကိုချဲ့ဘို့လိုပါလိမ့်မယ်။ ကိုယ့်ရဲ့ Social network ကိုချဲ့ချင်ကြတယ်ဆိုရင်တော့ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းသစ်တွေကို စပေါင်းပြီဆိုကတည်းက ရင်းနှီးပွင့်လင်းစွာ ဆက်ဆံရတော့မှာဖြစ်ပါတယ်....
ကျွန်မငယ်ငယ်တုန်းက အပေါင်းအသင်း များများစားစားမပေါင်းသင်းတတ်ခဲ့ပါဘူး... ကျွန်မမှာ အခင်ဆုံး အတွဲဆုံး သူငယ်ချင်း ၃၊ ၄ ယောက်မှလွဲပြီး တခြားသူတွေကို ခင်ခင်မင်မင် မပေါင်းသင်းတတ်ခဲ့တာပါ။ငယ်ငယ်က ကျွန်မရဲ့အပေါင်းအသင်းအခင်မင်ဆုံးသူငယ်ချင်းဟာ ကျွန်မနဲ့အတူစာကျက်ဖော် သူငယ်ချင်းယောကျာင်္းလေး နှစ်ယောက်သာဖြစ်ခဲ့ကြောင်းကို ကျွန်မအရင်ရေးခဲ့တဲ့ “သူငယ်ချင်း ၃ယောက်ရှိလေသည်” ဆိုတဲ့ ပို့စ်လေးမှာရေးခဲ့ဘူးပါတယ်... ကျွန်မတို့ သူငယ်ချင်း ၃ယောက် အရမ်းတွဲဖြစ်ခဲ့တာကလည်း ၃ယောက်စလုံးဟာ ကျောင်းဆရာ၊ဆရာမ သားသမီးတွေဖြစ်ပြီး ငယ်ငယ်ကတည်းက အတန်းတူ သူငယ်ချင်းတွေဖြစ်ခဲ့ကြလို့ပါပဲ။ ကျွန်မငယ်ငယ်က စကားအရမ်းနည်းသူမို့ အပေါင်းအသင်းလည်း သိတ်မပေါင်းတတ်ခဲ့တာပါပါတယ်... ငယ်ငယ်က ဆယ်တန်းနှစ်အထိအတူတွဲခဲ့တဲ့ အဲဒီသူငယ်ချင်း ၂ယောက်ကတော့ ကျွန်မအတွက် တကယ့်သူငယ်ချင်းကောင်းလေးတွေဖြစ်ခဲ့ကြပါတယ်ရှင်။ ကျန်းမာရေးမကောင်းလို့ စာမေးပွဲနီးတိုင်း ဆေးရုံတက်ရတဲ့ ကျွန်မကို အားမငယ်ရလေအောင် လိုအပ်တဲ့ ကျောင်းစာတွေကူးပေး ၊ ကျွန်မအပေါ် မောင်နှမအရင်းတွေလို လိုအပ်တာတွေ သွန်သင်ဆုံးမကူညီပေးတတ်ခဲ့ကြတာမို့လဲ ကျွန်မရဲ့သူငယ်ချင်းလေးတွေကို ကျွန်မအခုအထိ မေ့မရခဲ့ပါဘူး။ကျွန်မရဲ့ဘ၀မှာ အမှတ်ရစရာတကယ့်သူငယ်ချင်းကောင်းလေးတွေ ဖြစ်ခဲ့ကြပါတယ်ရှင်။
လောကမှာ ကိုယ့် အတွက်မိတ်ဆွေ သုံးမျိုး ရှိတယ်လို့ ဆရာ နန္ဒသိန်းဇံကခရီးသွားဆောင်းပါးတစ်ခုမှာရေးထားတာ ဖတ်ဖူးလိုက်ပါတယ်ရှင်။
ကျွန်မငယ်ငယ်တုန်းက အပေါင်းအသင်း များများစားစားမပေါင်းသင်းတတ်ခဲ့ပါဘူး... ကျွန်မမှာ အခင်ဆုံး အတွဲဆုံး သူငယ်ချင်း ၃၊ ၄ ယောက်မှလွဲပြီး တခြားသူတွေကို ခင်ခင်မင်မင် မပေါင်းသင်းတတ်ခဲ့တာပါ။ငယ်ငယ်က ကျွန်မရဲ့အပေါင်းအသင်းအခင်မင်ဆုံးသူငယ်ချင်းဟာ ကျွန်မနဲ့အတူစာကျက်ဖော် သူငယ်ချင်းယောကျာင်္းလေး နှစ်ယောက်သာဖြစ်ခဲ့ကြောင်းကို ကျွန်မအရင်ရေးခဲ့တဲ့ “သူငယ်ချင်း ၃ယောက်ရှိလေသည်” ဆိုတဲ့ ပို့စ်လေးမှာရေးခဲ့ဘူးပါတယ်... ကျွန်မတို့ သူငယ်ချင်း ၃ယောက် အရမ်းတွဲဖြစ်ခဲ့တာကလည်း ၃ယောက်စလုံးဟာ ကျောင်းဆရာ၊ဆရာမ သားသမီးတွေဖြစ်ပြီး ငယ်ငယ်ကတည်းက အတန်းတူ သူငယ်ချင်းတွေဖြစ်ခဲ့ကြလို့ပါပဲ။ ကျွန်မငယ်ငယ်က စကားအရမ်းနည်းသူမို့ အပေါင်းအသင်းလည်း သိတ်မပေါင်းတတ်ခဲ့တာပါပါတယ်... ငယ်ငယ်က ဆယ်တန်းနှစ်အထိအတူတွဲခဲ့တဲ့ အဲဒီသူငယ်ချင်း ၂ယောက်ကတော့ ကျွန်မအတွက် တကယ့်သူငယ်ချင်းကောင်းလေးတွေဖြစ်ခဲ့ကြပါတယ်ရှင်။ ကျန်းမာရေးမကောင်းလို့ စာမေးပွဲနီးတိုင်း ဆေးရုံတက်ရတဲ့ ကျွန်မကို အားမငယ်ရလေအောင် လိုအပ်တဲ့ ကျောင်းစာတွေကူးပေး ၊ ကျွန်မအပေါ် မောင်နှမအရင်းတွေလို လိုအပ်တာတွေ သွန်သင်ဆုံးမကူညီပေးတတ်ခဲ့ကြတာမို့လဲ ကျွန်မရဲ့သူငယ်ချင်းလေးတွေကို ကျွန်မအခုအထိ မေ့မရခဲ့ပါဘူး။ကျွန်မရဲ့ဘ၀မှာ အမှတ်ရစရာတကယ့်သူငယ်ချင်းကောင်းလေးတွေ ဖြစ်ခဲ့ကြပါတယ်ရှင်။
လောကမှာ ကိုယ့် အတွက်မိတ်ဆွေ သုံးမျိုး ရှိတယ်လို့ ဆရာ နန္ဒသိန်းဇံကခရီးသွားဆောင်းပါးတစ်ခုမှာရေးထားတာ ဖတ်ဖူးလိုက်ပါတယ်ရှင်။
ပထမမိတ်ဆွေက ကိုယ့် ကို ချစ်တဲ့သူ။
ဒုတိယအမျိုးအစားမိတ်ဆွေက ကိုယ့်ကို မုန်းတဲ့ သူ။
တတိယအမျိုးအစားမိတ်ဆွေက တော့ ကိုယ့်ကိုဥပေက္ခာ ပြု ထားတတ်တဲ့ သူ တို့ပဲဖြစ်ပါတယ်....
ပထမမိတ်ဆွေအမျိုးအစား ဖြစ်တဲ့ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ကိုယ်စိတ်နှလုံး ချမ်းမြေ့ကြည်ရွှင်ရတဲ့အတွက် ကျေးဇူးတင်ထိုက်တယ် တဲ့ ။
ဒုတိယမိတ်ဆွေအမျိုးအစား ဖြစ်တဲ့ ကိုယ့်ကိုမုန်းတဲ့သူ (ကိုယ့်အကျိုးမလိုလားတဲ့သူ) မျိုးနဲ့တွေ့ဆုံတဲ့အခါမှာ ကိုယ်ဟာ သတိရှိတဲ့သူ ၊ သတိမြဲမြံတဲ့သူဖြစ်လာတယ်တဲ့ ….။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ကိုမုန်းတဲ့သူဆိုတော့ … ကိုယ့်ရဲ့အားနည်းချက် ၊ ကိုယ့်ရဲ့ ချွတ်ယွင်းချက်ကို စောင့်ကြည့်နေတတ်တယ်ဆိုတော့ ကိုယ်ကလဲ ပြန်ပြီး သတိထားနေရတယ်လေ၊ အဲဒီလို သတိထားနေရင်း သတိရှိလာတဲ့သူ ဖြစ်လာတဲ့အတွက် ကျေးဇူးတင်ထိုက်ပါတယ် တဲ့ ။
တတိယမိတ်ဆွေအမျိုးအစားဖြစ်တဲ့ ကိုယ်ဘာဖြစ်ဖြစ် ဆင်းရဲရဲ ချမ်းသာသာ၊ ဘာခံစားမှု့မှမဖြစ်ဘဲ ကိုယ့်ကို ဥပေက္ခာပြုထားတဲ့သူမျိုးနဲ့ တွေ့ကြုံ ရတဲ့ အခါမှာတော့ ကိုယ်ဟာကိုယ် အားကိုယ်တတ်သူ ဖြစ်လာတဲ့အတွက် ဒီလိုကိုယ့်ကိုဥပေက္ခာပြုတဲ့သူကိုလည်း ကျေးဇူးတင်ထိုက်ပါတယ်လို့ ရေးသားထားခဲ့ပါတယ်ရှင်။
လူဟာ မကောင်းတဲ့ မနှစ်သက်ဖွယ်ဖြစ်တဲ့ အကျင့်စရိုက်ဆိုး ရှိကြသူတွေရဲ့ ၀န်းကျင်မှာ လူဖြစ်လာပေမယ့် အကျင့်စရိုက်ကောင်းရှိ သူဟာ ကိုယ်ဝန်းကျင်က မကောင်းမှုတွေ၊ မကောင်းသူတွေနဲ့ လိမ်းကျံ ရောယှက်မသွား ထိုက်ပါဘူးတဲ့.... အကျင့်စရိုက်ကောင်းရှိသူဟာ ကိုယ့်ဝန်းကျင်ကဘယ်လောက်ဘဲ မကောင်းပေမယ့် ကိုယ်ကတော့ ကောင်းမွန်ဖြောင့်မတ်သူ အဖြစ် လူ့လောကမှာရပ်တည်နေဖို့ ကြိုးစားသင့်ကြောင်းကိုလည်း ဆရာနန္ဒသိန်းဇံက ရေးသားထားခဲ့တာလေးတွေဟာ တကယ်တန်ဖိုးရှိတဲ့ စာသားလေးတွေဖြစ်တာမို့ ကျွန်မမှတ်သားထားခဲ့ဘူးပါတယ်....
ကျွန်မဟာ ငယ်ငယ်က အပေါင်းအသင်းနည်းခဲ့ပေမယ့် အချိန်တန်အရွယ်ရောက်ပြီး တက္ကသိုလ်တက်ရတော့ မြို့နယ်ပေါင်းစုံကလာတဲ့ အပေါင်းအသင်းပေါင်းစုံ ၊ စရိုက်ပေါင်းစုံကို တတ်နိုင်သလောက် အဆင်ပြေအောင် ပေါင်းသင်းတတ်သွားခဲ့ပါတယ်.... တက္ကသိုလ်ကျောင်းသူကျောင်းသားတွေဆိုတော့ များသောအားဖြင့် စိတ်ဓါတ်မြင့်မြတ်ပြီး ခင်မင်စရာကောင်းတဲ့သူတွေ နဲ့ စိတ်သဘောထားပြည့်ဝတဲ့သူတွေများပါတယ်...ကျွန်မတို့စာသင်နှစ်မှာ ကျောင်းသူ ၊ကျောင်းသားတွေကလည်း အရမ်းနည်းခဲ့တာမို့ အရမ်းစည်းလုံးပြီး ခင်မင်ခဲ့ကြပါတယ်...ကျွန်မ ပြည်ကောလိပ်တက်တော့ ၊တက္ကသိုလ် ပထမနှစ်မှာပဲ ကျွန်မနဲ့မေဂျာတူ ၊အတန်းတူ၊ ကျွန်မအပေါ်အရမ်းကောင်းတဲ့ ၊ညီအစ်မတွေလိုချစ်ခင်ရတဲ့ သဘောထားဖြူစင်သူ သူငယ်ချင်းတစ်ယောက်ရှိခဲ့ပါတယ်... သူမနဲ့ ကျွန်မဟာ အတန်းတက်ကြရင်လဲအတူတူ အတန်းလစ်ကြရင်လဲအတူတူ ၊ အဆောင်မတူပေမယ့် ကျောင်းသွားတိုင်းကျွန်မအဆောင်ရှေ့မှာလာစောင့်ပြီး အတူတူသွားခဲ့ကြပါတယ်.... ကျွန်မကလည်း သူမကို အရမ်းချစ်ခင်ခဲ့တာပါ။သူမက ကျွန်မထက် အသက်၁နှစ်ကျော်ပိုကြီးသူမို့ ကျွန်မက သူမကို မ.... ဆိုပြီးခေါ်ခဲ့တာပါ။ ကျွန်မက ပြည်ကောလိပ်တုန်းက လူချစ်လူခင်များခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်...အခုတောင် တခါတလေ ကျွန်မရဲ့စီဘုံးမှာ ပြည်ကောလိပ်ကသူငယ်ချင်းတွေ လာအော်နှုတ်ဆက်တတ်ကြပါသေးတယ်... လူချစ်လူခင်များဆိုလို့ သိတဲ့သူတွေသိပြီးကြတဲ့အတိုင်း ပြည်ကောလိပ်ပထမနှစ်မှာ ကျွန်မကမေဂျာကွင်းအရွေးခံခဲ့ရလေတော့ ၊ မမခင်ဦးမေပြောတဲ့ ၂၂နှစ်အရွယ်လည်းဖြစ်ခဲ့လေတော့ ခင်မင်သူအပေါင်းအသင်းများစွာရှိခဲ့ပါတယ်ရှင်။ နောက်ပြီး ဆရာမကလည်းချစ်တော့ ဘောလီဘောအားကစားပွဲတွေမှာဆိုရင် ကျွန်မကို Team captain ခန့်ပြီး ကစားစေခဲ့တာမို့ အမြဲရှုံးခဲ့ပါတယ်.. အဲ..ဟုတ်ပါဘူး.. အပေါင်းအသင်းတွေ ပေါခဲ့ပါတယ်ရှင်.။ :Dအဲဒီလို ခင်မင်စရာကောင်းတဲ့ အပေါင်းအသင်းများစွာနဲ့ ပျော်စရာကောင်းနေတဲ့ စာသင်နှစ် ၃နှစ်ကိုဖြတ်လာပြီး ၊ နောက်ဆုံးနှစ်စာသင်နှစ်အရောက်မှာ ကျွန်မရဲ့အခင်ဆုံးသူမ ၊ အမြဲတွဲတဲ့သူငယ်ချင်းရဲ့ စိတ်ကွက်ခြင်းကိုခံခဲ့ရတာမို့ ကျွန်မအခုအထိမမေ့နိုင်အောင်ရှိနေခဲ့ရပါတယ်... ကျွန်မသူမကို မကြာခဏသတိရနေတတ်ပါတယ်... တခါတလေသူမအကြောင်း အိပ်မက်တောင်မက်တတ်ပါသေးတယ်ရှင်။သူမ ကျွန်မအပေါ် စိတ်ကွက်သွားရတဲ့ အကြောင်းရင်းလေးက သူစိတ်ဝင်စားနေတဲ့သူငယ်ချင်းကောင်ကလေးက ကျွန်မကိုလိုက်ခဲ့လို့ပါပဲ ၊ ကျွန်မကလည်း သူမကို ဒီတက္ကသိုလ်မှာ ကျွန်မချစ်သူရည်းစားထားမှာ မဟုတ်ကြောင်း ၊ ကျွန်မကိုလိုက်နေတဲ့သူငယ်ချင်းကောင်ကလေးကို ကျွန်မတကယ်ပဲ စိတ်မ၀င်စားမိပါကြောင်းပြောပြပေမယ့် သူမကျွန်မကို သိသိသာသာစိတ်ကွက်သွားတာကို ကျွန်မခံခဲ့ရတာပါ။ သူမဟာ ကျွန်မရဲ့သူငယ်ချင်းကောင်း၊ဘာပဲဖြစ်ဖြစ်ကျွန်မလိုအပ်ရင် ၃နှစ်လုံးလုံး ကျွန်မကို အကူအညီ ပေးတတ်ခဲ့ဘူးတဲ့ တကယ့်မိတ်ဆွေကောင်းတစ်ယောက်ပါ။ ဒါပေမယ့် သူမရဲ့စိတ်ကွက်ခြင်းကိုကျွန်မခံခဲ့ရပြီး နောက်ဆုံးနှစ်တစ်နှစ်လုံး ကျွန်မစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကျောင်းပြီးလို့ ဘွဲ့ယူကြတဲ့အချိန်မှာတွေ့ကြပေမယ့်လည်း အရင်တုန်းကလို ရင်းနှီးခင်မင်မှုတွေမရှိခဲ့တော့တာကို ကျွန်မတော်တော်လေးခံစားခဲ့ရဘူးပါတယ်ရှင်။ အဲဒါ ဘယ်သူ့အပြစ်ဖြစ်မလဲ ဆိုတာကိုတော့ ကျွန်မလည်းမတွေးတတ်အောင်ပဲရှိနေခဲ့ပါတော့တယ်...ဒီလိုပါပဲလေ သူငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေနဲ့ ကံအကျိုးဆက်ပါရင်လည်း တသက်လုံးခင်ခင်မင်မင်ပေါင်းသင်းနိုင်ကြမယ် ၊ မထင်မှတ်ပဲ စိတ်ကွက်စရာလေးတွေ ရှိလာခဲ့ကြရင်လဲ ဝေးကွာပြီး မုန်းသွားနိုင်ကြတတ်တာတွေကို အခုအသက်အရွယ်မှာ ကျွန်မအများကြီးကြုံတွေ့ခဲ့ရဘူးပါပြီ...
အခု ကျွန်မမှာ ကျွန်မရဲ့ဘ၀အမောတွေကိုမျှဝေခံစားပေးနေကြတဲ့ ၊ ကျွန်မရင်ထဲမှ အမှတ်တရလေးတွေကို ကောင်းကောင်း ဆိုးဆိုး လာရောက်အားပေးပြီးဖတ်ပေးကြတဲ့ ဘလော့ဂါမောင်နှမမိတ်ဆွေများစွာ၊ စာဖတ်သူမိတ်ဆွေများစွာရှိနေခဲ့ပါပြီ။ ဒီမောင်နှမတွေအားလုံးကို ကျွန်မနောက်ဆုံးစာရေးမယ့် ၂၀၁၀ နယူးရီးယား (သို့)၂၀၁၀၊ ၃လပိုင်းကုန်အထိ တစ်ဦး၊တစ်ယောက်နဲ့မှ အခင်အမင်မပျက် ၊စိတ်ဝမ်းမကွဲစေကြပဲ ခင်ခင်မင်မင် ၊ပျော်ပျော်ရွှင်ရွှင်လေးနဲ့ပဲ အမုန်းမပါတဲ့ ခွဲခွါခြင်းလေးနဲ့သာ ဘလော့ဂင်ခြင်းကို အဆုံးသတ်ချင်ပါတယ်ရှင်။အားလုံးဟာ ကျွန်မရဲ့သူငယ်ချင်းကောင်းတွေ ၊မိတ်ဆွေကောင်းလေးတွေဖြစ်ကြပါတယ်... မောင်နှမတွေအားလုံးကို ကျွန်မခင်ပါတယ်... ကျွန်မရဲ့စီဘုံး နဲ့ကွန်မန့်မှာ အမှတ်တရ messageကလေးတွေလာရေးပေးကြတဲ့ ကျွန်မရင်းနှီးပြီးသောမောင်နှမတွေအားလုံးနဲ့ ၊ ကျွန်မနှင့် မသိသေးသော မောင်နှမတွေအားလုံးကို ကျွန်မခင်ပါတယ်။လာနှုတ်ဆက်သွားတဲ့သူတိုင်းကို ကျွန်မကြိုးစားပြီး ပြန်လည်နှုတ်ဆက်ခဲ့ပါတယ်... တခါတလေတော့လည်း အကြောင်းကြောင်းတွေကြောင့် ပြန်လည်မနှုတ်ဆက်မိတာလေးတွေလည်းရှိခဲ့တတ်ပါတယ်.... ဘလော့ဂါမောင်နှမ အသစ်တွေ ၊အဟောင်းတွေ ရယ်လို့လဲကျွန်မမခွဲခြားတတ်ပါဘူး။ အခုမှ စာစရေးတဲ့ ၊ကျွန်မစီဘုံးမှာလာရောက်နှုတ်ဆက်သွားတဲ့ ဘလော့ဂါအသစ် မောင်နှမလေးတွေအားလုံးကိုလဲ ကျွန်မအတတ်နိုင်ဆုံး သွားရောက်အားပေးတတ်ခဲ့ပါတယ်... တချို့တွေကျတော့လည်း ကွန်နက်ရှင်ကြောင့်ဝင်လို့မရခဲ့တာတွေရှိခဲ့တတ်တာမို့လည်း နားလည်ပေးနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်...
နောက်တစ်ခုက ကျွန်မကိုဘလော့ဂါမောင်နှမတွေ တော်တော်များများ ၊ စာဖတ်သူတွေတော်တော်များများ ဂျီတော့မှာအင်ဗိုက်လာကြတာမို့ နာမည်သိရင်တော့ ကျွန်မအတတ်နိုင်ဆုံးလက်ခံဖြစ်ခဲ့ပါတယ်.... ဒါပေမယ့် ကျွန်မက accept လုပ်ပြီး အွန်လိုင်းမှာတွေ့ကြရင် တစ်ခါ ၊နှစ်ခါလောက် နှုတ်ဆက်စကားပြောပြီးတာနဲ့ အားလုံးကို ကျွန်မ block ပြန်လုပ်ဖြစ်ခဲ့ပါတယ်.. ဒီလိုလုပ်တာ တစ်ဦးတစ်ယောက်ထဲကိုလုပ်တာမဟုတ်ပဲ..အားလုံးကို လုပ်ခဲ့တာမို့ မောင်နှမတွေအားလုံးကျွန်မကို နားလည်ပေးကြပါစေလို့ ဆုတောင်းမိပါတယ်...... အရေးကြီးတဲ့အချိန်မှာဆက်သွယ်ချင်ရင်တော့ ပြန်ပြီး unblock လုပ်ပြီးပြောဖြစ်ပါတယ်.. ဒါကြောင့်မို့ မောင်နှမတွေရဲ့မေးလ်လေးတွေကို ကျွန်မခင်မင်စွာလက်ခံပြီးသားဖြစ်တာကြောင့် လိုအပ်ကြရင် စာရေးဆက်သွယ်နိုင်ကြပါတယ်။ များသောအားဖြင့် ကျွန်မအွန်လိုင်းလည်း သိတ်မဖွင့်ဖြစ်ပါဘူး။ အွန်လိုင်းဖွင့်ပြီး ချက်တင်ဝင်နေရင်လည်း ကျွန်မရေးချင်တဲ့စာတွေရေးဘို့ အချိန်ရတော့မှာမဟုတ်သလို၊သမီးလေးကိုပြုစုစောင့်ရှောက်ဖို့ အချိန်လိုအပ်တာကြောင့် အွန်လိုင်းကို မဖွင့်ဖြစ်ခဲ့တာများပါတယ်ရှင်။ အားလုံးနားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်... အရေးတကြီးပြောစရာရှိရင် စာရေးဆက်သွယ်လာကြဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်.. ဒီအတွက်ကျွန်မအပေါ် စိတ်မကွက်စေချင်ကြပါဘူး။ ဘလော့ဂါမောင်နှမတွေ နဲ့ စာဖတ်သူတွေအားလုံးဟာ ကျွန်မရဲ့ဘ၀မှာ အမှတ်တရအဖြစ်အမြဲရှိနေမယ့် ၊ကျွန်မစာမရေးတော့မယ့် အချိန်တွေမှာတောင် ရင်ထဲမှာဘယ်တော့မှ မေ့နိုင်တော့မှာမဟုတ်တဲ့ ၊ သူငယ်ချင်းကောင်း ၊မိတ်ဆွေကောင်းတွေဖြစ်ကြတယ်ဆိုတာကို ဒီပို့စ်လေးရေးရင်း မှတ်တမ်းတင်လိုက်ပါတယ်ရှင်...
ဒီပို့စ်လေးကိုရေးပေးဘို့ တက်ဂ်လာတဲ့ ညီမလေးမိုးခါး ကျေနပ်နိုင်ပါစေလို့...
အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေ.
အားလုံးကိုလေးစားခင်မင်လျှက်
WWKM
0 comments:
Post a Comment