၂၀၀၉ခုနှစ်ထဲမှာပေါ့
အမေက ဆန်ကုန်မြေလေးလို့ပြောတာကိုခံတာက ၁၀၁ ကြိမ်
သူငယ်ချင်းတွေနဲ့ အပြိုင်စိတ်ကောက်ရင်း လေလွင့်နေခဲ့တာကတစ်လတစ်ကြိမ်
ချစ်သူကပြစ်ထားလို့ စိတ်ကောက်ချင်ယောင်ဆောင်ရင်း မျှော်ရတာက တစ်နေ့၃ ကြိမ်
မနက်စာစားဖို့စဉ်းစားရင်း နေ့လည်စာနဲ့တစ်ထပ်တည်းကျခဲ့တဲ့နေတွေက အကြိမ်ကြိမ်
အိပ်ခါနီး မနက်ဖန်ငါဘာဖြစ်မလဲ တွေးမိတိုင်းသက်ပြင်းရှည်တွေချမိတယ်
မမြင်နိုင်တဲ့အနာဂတ်မှာ မကုန်နိုင်တဲ့မျှော်လင့်ခြင်းတွေက ခရီးရှည်တွေ
ဆောင်းညအေးစက်စက်မှာ မြက်ခင်းပြင်ပေါ်မှာလှဲရင်း အလွမ်းတေးတွေသီကြူးရင်း
အဓိပ္ပာယ်မဲ့ ကြယ်တွေကိုရည်တွက်မိတော့ ငါတို့ သက်တမ်းထက်များလွန်းနေသလား
တစ်နှစ်ပြီး တစ်နှစ်ကုန်လာတဲ့အချိန်တွေ.....
အသက်တွေကြီးလာတော့ မသိချင်လည်း သိနေရတဲ့လူ့စည်းကမ်းတွေ .
ရိုးသားပါတယ်ပြောတိုင်းမရ သူတို့အမြင်မှာသူတော်ကောင်းဖြစ်အောင်ဂရုစိုက်နေရတဲ့ပတ်ဝန်းကျင်.......
လူသူသူမ၀တ်နိုင်ရင် သူတို့သုံးသလို သူတို့နေသလိုမနေနိုင်ရင် ကိုယ်ကျင့်တရားက ထိန်းထားလည်း
ပျက်တယ်ထင်ကြတယ်
သူတို့လိုလိုက်မလုပ်ရင် သူတို့နဲ့ မတူရင် မိုးခါးရေမသောက်မိတဲ့ ဘုရင်ကြီးလို.....
သူတို့က ငါ့ကိုဝေဖန်ကြတော့မယ.်
ကဲဘယ်လိုလုပ်မလဲ.........ဒါတွေကိုဂရုစိုက်ရင်း ငါကုန်လွန်ခဲ့တာ ငါ့သက်တမ်းအခုဆို ၂၂ ပြည့်တော့မယ်
ကဲဘယ်လိုလုပ်မလဲ........ ဒီနေ့ဟာနှစ်သစ်...ငါဘယ်လိုရပ်တည်မလဲ..ငါကအရေးကြီးလား သူတို့ကအရေးကြီးလား.............နေပါကွာ.....
၂၀၁၀ မှာ ငါရိုးသားတာရယ် ငါဖြူစင်တာရယ် ငါသိရင် ပြီးပြည့်စုံပြီ...မင်းမသိလည်းနေပါစေတော့.......
နှစ်ဟောင်းကုန်တော့.........
Friday, January 1, 2010 by ငွေကြယ်လေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment