ငယ်ငယ်က ဝါသနာ... အင်း.... ဘာများပါလိမ့်...!!
တိမ်တွေအုံ့ပြီး ညို့လာရင် ရင်မှာ တမျိုးကြီးပဲ.. အဲ့ဒါ ဟိုးငယ်ငယ် ကလေးလေး ဘဝကတည်းကပါ... စာမဖတ်တတ်ခင် အရွယ်တုန်းကတော့ စားပွဲတွေ ခုံတွေအောက်ကိုတိုးဝင်.. ဒါမှမဟုတ် အခန်းထောင့်လေး တနေရာရာမှာ ငြိမ်ငြိမ်လေး ထိုင်နေတတ်တယ် လို့ မေမေက ပြောဖူးပါတယ်... စာလေးတစ်လုံး နှစ်လုံး ဖတ်တတ်ချိန်ရောက်တော့ တွေ့ရာစာအုပ်လေး တစ်အုပ်ကို ဆွဲယူသွားပြီး ကုတင်ပေါ်မှာ ကွေးကွေးလေး ငြိမ်နေတတ်ပြန်ရော.. လက်ထဲက စာအုပ်ကိုလည်း မလှန်ဘဲ မှန်ပြတင်း အပြင်က တိမ်တွေကို ငေးငေးနေတတ်တဲ့ ဝါသနာလေး ရှိခဲ့ဖူးပါတယ်...။
ကလေးမက လူကြီးလည်းမကျ အရွယ်လေးရောက်လာပြန်ပြီ..!!
ဝါသနာအရ ပြောရမယ် ဆိုရင်လည်း ကလေးလေး တုန်းကနဲ့ ထူးမခြားနားပါပဲ... သိပ်မလည် တတ်ခဲ့ဖူးပါဘူး.. သူငယ်ချင်းတွေက လာခေါ်တိုင်းလည်း သူတို့တွေ စိတ်ညစ် လက်လျှော့ပြီး ပြန်သွားရတတ်တာက ခပ်များများရယ်ပါ။ သီချင်းတွေ နားထောင်တတ်လာတယ် ဂစ်တာလေးစ တီးတတ်လာခဲ့ပြီ... နောက် ကဗျာစာအုပ်တွေ ဝတ္တုတွေ ရည်းစားစာတွေ..(ဟီးး) ဖတ်တတ်လာတာပေါ့... ပြီးတော့ ရာသီဥတုတွေကို ရင်မှာ ပိုခံစားတတ်လာတယ်..။ မိုးရွာတာကို ကျွန်မ မုန်းတယ်.. မိုးတွေမရွာခင် ပြိုအိဆင်းလာတဲ့ တိမ်တိုက်တွေကို ငေးကြည့်ရင်း ဂစ်တာလေး တီးနေရတဲ့ ဝါသနာကို ကိုယ် ကိုယ်တိုင် အရမ်းသဘောကျမိတာပါ...။
တစ်ယောက်တည်း သွားရလာရတာမျိုး ကြိုက်တဲ့ ဝါသနာ ကျွန်မမှာရှိတယ်.. တော်ရုံတန်ရုံ အဖော်တွေနဲ့ မသွားတတ် မနေတတ်ပါဘူး.. ရှော့ပင်းသွားရင်လည်း တစ်ကိုယ်တည်း သွားချင်တာ.. ဘေးမှာ သူငယ်ချင်း တစ်ယောက်ယောက် ပါလို့ သူ့ကို အားနာပေးရတာမျိုး သဘောမကျပါဘူး..။ ငေးချင်ရာကို ငေးမယ်.. လိုချင်ရာကို ဝယ်မယ်.. တစ်နေရာရာမှာ တစ်ယောက်တည်း ထိုင်ချင်ထိုင်နေမယ်.. အချိန်တွေကို မေ့ထားတတ်တဲ့ အကျင့်ကြောင့် နာရီကို ခဏခဏ ငုံ့ကြည့်တတ်တဲ့ သူငယ်ချင်းမျိုးနဲ့ ခပ်ဝေးဝေးမှာ နေတတ်တယ်..။ ဆူဆူညံညံ နေရာတွေမှာ သွားထိုင်ဖြစ်ရင်လည်း တစ်ယောက်တည်းပါပဲ.. ခပ်မိုက်မိုက်ပေါ့ ဘာဖြစ်လဲနော့...!! အသေချာဆုံး ဝါသနာကတော့ တစ်ယောက်တည်း ထင်ရာကျဲခြင်းပါပဲ...။
နောက်တစ်ခုကတော့... အင်မတန် အအိပ်မက်ပါတယ်..။ အပျင်းထူ အအိပ်ပုတ်တဲ့ ဝါသနာ အကြီးကြီး ရှိပါတယ်... ကျွန်မ အအိပ်မက်ရခြင်းမှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေတယ်..။ ကျွန်မလား...!! ဟုတ်..!! စိတ်အရမ်းညစ်လာရင် အိပ်ပါတယ်.. တစ်စုံတစ်ရာကို သေမလောက် လွမ်းဆွတ် တမ်းတလာရင်လည်း အိပ်ပါတယ်.. အတိတ်ဆိုတာတွေ ခေါင်းထဲရောက်လာရင်းလည်း အိပ်လိုက်ပါတယ်.. မနက်ဖြန်ဆိုတာကို ကြိုမတွေးချင်ရင်လည်း အိပ်ပစ်လိုက်ပါတယ်..။ ခံယူချက်ကတော့ အိပ်ပျော်သွားရင် အရာအားလုံးကို တစ်ခဏတော့ မေ့သွားနိုင်လို့ပါ။ ဒါပေမယ့်.. မထင်မှတ်ပဲနဲ့ မအိပ်ခင် အတွေးတွေကိုစွဲလို့ အိပ်မက် မက်တတ်တာကတော့ ချွင်းချက်ပေါ့လေ.. အိပ်မက်တွေ နှိပ်စက်ရင်တော့ သိပ်သိပ်ကို ကြောက်ဖို့ကောင်းပါတယ်...။
လောလောဆယ် ဝါသနာကို ထပ်ပြောပြဦးမယ်... အားလုံးသိကြတဲ့အတိုင်း ဘလော့ဂ် ကိုက်နေပါတယ်။ မယ်မယ်ရရ မဟုတ်တဲ့ စာတိုပေစ ကဗျာမကျ ဘာမကျ အထာမကျတွေ လျှောက်ရေးနေမိတာပါပဲ... ရင်ဘတ်ထဲက အမှန်အကန်တွေ ဘလော့ဂ်လေးပေါ်မှာ အန်တယ်.. တစ်ခါတလေတော့ ဘလော့ဂ်လေးဟာ ကျွန်မအတွက် အန်ဖတ်ပုံးလေး... အိပ်မရတဲ့ညတွေမှာ စာမူး မူးပြီး ခေါင်းမဖော်နိုင်အောင် အန်ချင်လာတိုင်းလည်း ဘလော့ဂ်စာမျက်နှာလေးက အဖုံးလေးကို ကြည်ဖြူစွာ အဆင်သင့် ဖွင့်ပေးထားတတ်သေးတာ..။ ဒီလိုနဲ့ပဲ နေ့စဉ်ညတိုင်း အန်ဖတ်ဆို့မတတ် အန်အန် နေတယ် ဆိုပါတော့..။ တစ်ခါတလေတော့ သူက သိပ်သဘောထားကြီးပြီး သိပ်ချစ်ဖို့ကောင်းတဲ့ ရင့်ကျက်နေတဲ့ အမျိုးသား တစ်ယောက်လိုပဲ.. ကျွန်မအနွံတာတွေကို ခံပေးနေတတ်တယ်.. ဘလော့ဂ်လေးအပေါ်မှာ အတ္တကြီးကြီးနဲ့ ဆိုးချင်တဲ့ ဝါသနာကြီး တွယ်ကပ်နေတာ တော်တော်လေး ဆိုးပါတယ်.. ။
ကျွန်မ တကယ် မကောင်းပါဘူး..။ အခု.. လောလောဆယ်တော့ သူ့အပေါ် အနိုင်ယူပြီး ဆိုးတတ်တဲ့ ဝါသနာကြီးကို ခဏရပ်လိုက်ပြီး သူ့ကို စိတ်ပြေလက်ပျောက် အနားလေး ပေးလိုက်ပါဦးမယ်...။
ကယ်.... ကျွန်မ တစ်ရေးတမော အိပ်လိုက်ပါဦးမယ်.... :P
ပေစောင်းစောင်း ရိုက်ချက်ဆရာ မယ်မျိုးမျိုး (မောင်မျိုး) က Tag ထားတဲ့ ဝါသနာလေးများ ဆိုတဲ့ Tag Post လေးပါ..။ ကိုမျိုးရေ... ရေးလိုက်ပြီ ကျေနပ်တော့နော့... ဟဲ.. ဟဲ..!! ခုတော့ ခင်လေး အိပ်လိုက်ဦးမယ်.. နေ့သမား မောင်နှမ ဆရာသမားများ ဂွတ်နေ့(စ်).. ညသမား မောင်နှမ ဆရာသမားများလည်း ဂွတ်ည(စ်)လို့ နှုတ်ဆက်လိုက်ပါတယ်... အားလုံးဘဲ တာ့(စ်) တာ ပါနော်....!!
(ခင်လေးငယ်)

2 comments:
ခင်လေးစုတ်...
နင်ဟာလေ.. ဘလော့ကိုများ အန်ခွက် မှတ်နေလား... ငါကတော့ ဘလော့လေးကို လှအောင် ကြည့်ကောင်းအောင် အမျိုးမျိုးလုပ် နင်က အန်ချ .. ကောင်းလား အဲ့ဒါ.. ကြည့်လေ စာဖတ်သူတွေ အားနာစရာ နင့် အန်ဖတ် လာလာကြည့်သလို ဖြစ်နေရောပေါ့.. ငါ မပြောလိုက်ချင်ဘူး.. တယ်..!
အမယ်အမယ် ဘာတဲ့ “တွေ့ရာစာအုပ်လေး တစ်အုပ်ကို ဆွဲယူသွားပြီး ကုတင်ပေါ်မှာ ကွေးကွေးလေး ငြိမ်နေတတ်ပြန်ရော..” ဆိုပါလား... နင့်လောက် ကစား မက်တာ နင်ပဲရှိတယ် အပေအတူး စပ်စလူးမရဲ့..
အရပ်ကတို့ရေ လုပ်ကြဦး ဒင်းပြောတာ ဗြောင်းဗြန်တွေ.. ကျုပ်က ဒင်းနဲ့ ငယ်ငယ်ထဲက အတူတူ ကစားလာတာ ဒင်းအကြောင်း ကျုပ်အသိဆုံး.. မျောက်မူးလဲမကများ ငြိမ်ငြိမ်လေးနေတယ်လေး ဘာလေးနဲ့..
နင် တစ်ယောက်တည်း သွားရမှာပေါ့.. နင့်နောက် ဘယ်သူမှ မလိုက်ချင်တာ ငါအသိဆုံး.. နင့်လို တောင်ငေး မြောက်ငေး ဘယ်သူမှ စိတ်မရှည်ဘူး.. သူကပဲ သူများနဲ့ မသွားချင်ဘူးလေး ဘာလေးနဲ့..
အမယ် အမယ်.. အိမ်မလည်ဘူးလေး ဘာလေးနဲ့ နင့်လောက် အိမ်တကာလည့် အတင်းတုတ်နေတာများ.. ငါတောင် နင့်ကို ခင်လေးတုတ်လို့ ခေါ်တတ်သေးတယ်လေ.. ဒါများ.. မသိရင် အိမ်တွင်းပုန်းလိုလို ဘာလိုလိုနဲ့.. အလိမ်မ..!
အိပ်အိပ် သေအောင်အိပ်..
ငါကွ.. (လူသိအောင် တွယ် လိုက်ရပြီ) ဟီးး
မှတ်မိလား ငါ့ကို တွယ်ထားတာလေ အခု ငါ့အလည့်.. :P
နင့်ဘော်ဘော်ကြီး
ကိုရင်နော်
However, such is the recognition of live casinos within the Philippines virtually all} sites will use a number of} providers. We prefer to see casinos use a number of} providers, and one of the best ones too – Evolution, Pragmatic Play, Playtech, Asia Gaming and SG Gaming are 5 of one of the best, for example. Yes, since we've listed the very best live casino sites within the uk, you'll be able to|you presumably can} really feel fairly assured in the fact that|the truth that} the client assist networks are glorious. You often have quantity of} choices that you should use|you have to use} to reach the group, such as e-mail, cellphone, and live chat. Think about how you’re going to play 솔카지노 if you choose a live vendor casino – will you be on desktop or perhaps on a smartphone or tablet?
Post a Comment